နေ့စဉ်စာဖတ်ကြသူများ
Searching Sarpay မှ ကူးယူသည်. .
Searching SarpayFb Page သည် Reader (နေ့စဉ်ဖတ်စရာများ) ၏Page ဖြစ်သည်. .
Searching Sarpay မှ ကူးယူသည်. .
Searching Sarpay Fb Page သည် Reader (နေ့စဉ်ဖတ်စရာများ) ၏Page ဖြစ်သည်. .
အဖြူရောင် အရိပ်လေး
^^^^^•••••••^^^^^
တိမ်တွေ လွင့်မျောနေတဲ့ ကောင်းကင်ကြီးမှာ
အဖြူရောင် အရိပ်လေးတစ်ခု ရှိတယ် •••••
နီးလာလိုက် ဝေးသွားလိုက်
တိမ်တွေကြားမှာ ဟို ဒီ ပြေးလိုက်နဲ့ •••••
တခါ တခါ သူပြုံးပြတယ်
ငါနဲ့ နီးလာတယ်
သူ့အပြုံးနောက်က တန်ဖိုးတစ်ခုကို
ငါ တွေ့လိုက်ရတယ် •••••
တခါ တခါ သူငိုနေတယ်
ငါ့ဆီက ပြေးထွက်သွားတယ်
သူ့နောက်ကျောက ခံစားမှုတစ်ခုကို ငါတွေ့လိုက်ပြန်တယ် •••••
်
တိမ်ကင်းစင်တဲ့ တနေ့ +++•+++
့
သူ့ကို လိုက်ရှာမိတယ်
မတွေ့ •••
သူ ဘယ်ရင်ခွင်မှာ အိပ်စက်နေပါလိမ့် ???
??? ??? ??? ??? ???
ငါ့ရင်ခွင်ဆီက
နွေးထွေးမှုလေး ခံစားလိုက်ရတယ်
အော် ------
အရိပ်ကလေးက အိပ်မောကျနေလေရဲ့
်
အေးမို့
မွေးစကလေးငယ်များ၏ အံ့သြဖွယ်ရာအချက်များ
*---*---*---*---*---*---*---*---*---*---*---*---*
ကိုယ်ဝန်ဆောင်ခြင်းသည် အမျိုးသမီးတစ်ယောက်၏ဘ၀တွင် အမှတ်တရဖြစ်နေစေမည့် အချိန်ကာလတစ်ခု ဖြစ်ပါသည်။ ကလေးတစ်ယောက်ကို ဘ၀လက်ဆောင်အဖြစ် ရရှိလိုက်ခြင်းပင် ဖြစ်သည်။ နူးညံ့သေးငယ်သည့်ကလေးလေးသည် တစ်ချိန်တုန်းက သင်ကိုယ်တိုင်ပင် ဖြစ်ခဲ့ပါသည်။ အောက်ဖော်ပြပါ များသည် သင်ကိုယ်တိုင် မသိခဲ့သည့် ကလေးငယ်လေးများ၏ ထူးခြားချက်များကို သုတေသနပြု ဖော်ပြထားခြင်းပင် ဖြစ်ပါသည်။
• ကလေးငယ်များကို စက္ကန့်တိုင်းတွင် မွေးဖွားခြင်း
တစက္ကန့်တိုင်းတွင် လောကကြီးထဲသို့ ၀င်ရောက်လာသည့် ကလေးအရေအတွက်ကို သင်သိပါသလား။ အံ့သြစရာ ကောင်းပါသည်။ တစ်မိနစ်တွင် ကလေး ၂၂၅ ယေက်။ တစ်က္ကန့်တွင် ၄.၃ ယောက် မွေးဖွားခြင်း ခံရပါသည်။ (Source : United States Census Bureau)
• ကလေးငယ်များသည် မွေးစမှာပင် မိခင်အသံကို မှတ်မိခြင်း
မွေးစကလေးတစ်ယောက်သည် ၁၀၀% အကြားအာရုံ မရှိပါ။ နား အလည်ပိုင်းတွင် အကြားအာရုံကို လျော့နည်းစေသော အရည်များ ပြည့်နေသည်။ သူတို့မှတ်မိနိုင်သည့် အသံသည် မိခင်၏ အသံသာဖြစ်သည်။ ထိုအသံကြားလျှင်သာ တုံ့ပြန်ကြသည်။ (Source: WebMD)
• မွေးစကလေးများ မျက်ရည်မကျခြင်း
မွေးစကလေးများသည် အလွန်ငိုတတ်ကြပါသည်။ သို့သော် မျက်ရည်မကျပါ။ အကြောင်းရင်းမှာ မျက်ရည် ဂလင်းများ အလုပ်လုပ်သော်လည်း ကလေး၏မျက်လုံးကို အကာအကွယ်ပေးရုံသာ ထုတ်ပေးသည်။ ၁ လ မှ ၃ လ အကြားတွင် မျက်ရည်စက်များကို စတင်ထုတ်ပေးသည်။
(Source: Jennifer Shu, M.D., coauthor of the American Academy of Pediatrics’s book “Heading Home With Your Newborn”)
• ကလေးငယ်များသည် အရွယ်ရောက်သူများထက် အရိုးပိုများခြင်း
ကလေးငယ်တစ်ယောက်တွင် အရိုးပေါင်း ၂၇၀ ရှိသည်။ အရွယ်ရောက်သည့်အခါ အရိုး ၂၀၆ ချောင်းသို့ လျော့ကျသွားသည်။ ထိုသို့ အရိုးအရေအတွက် နည်းသွားရခြင်းအကြောင်းသည် ကလေးကြီးထွားလာသကဲ့သို့ ဦးခေါင်းရိုးနှင့် ကျောရိုးများ ပေါင်းစည်းသွားခြင်းကြောင့် ဖြစ်သည်။ (Source: Online Orthopaedics)
• ကလေးငယ်များသည် အရွယ်ရောက်သူများထက် အသက်ပိုရှူခြင်း
မွေးစကလေး၏ အသက်ရှူနှုန်းသည် အရွယ်ရောက်ပြီးကလေးတစ်ယောက်ထက် အသက်ရှူပိုမြန်သည်။ ပုံမှန်အသက်ရှူနှုန်းသည် တစ်မိနစ်တွင် အကြိမ် ၄၀ ခန့်ရှိသည်။ အရွယ်ရောက်ပြီးကလေးသည် ၁၂ ကြိမ် နှင့် အကြိမ် ၂၀ ကြားတွင် အသက်ရှူသည်။ (Source: Oregon Health & Science University)
• ကလေးအများစုတွင် အပြာရောင် မျက်လုံးများရှိခြင်း
မျက်လုံးအရောင်သည် မျက်ဝန်းအနောက်ဘက်ရှိ အရောင် အမှုန်လေးများမှလာပြီး မျက်ဝန်း၏ အဓိကတစ်သျှူးထဲတွင် ရှိသည်။ တစ်သျှူးထဲရှိရောင်ခြယ်သည် မွေးစတွင် ဖွံ့ဖြိုးခြင်းမရှိပေ။ ကလေးအများစုသည် (မျိုးရိုးဗီဇ ထည့်သွင်းစဉ်းစားခြင်း မရှိ) မွေးစတွင် အပြာရောင်မျက်လုံးလေးများ ရှိကြသည်။ ၆ လမှ ၁၂ လ အထိ ရောင်ခြယ်သည် ကလေး၏ မျိုးရိုးဗီဇ (genetic) ကြောင့် အပြာ၊ အညို စသဖြင့် ပြောင်းလဲလာသည်။ (Source: National Eye Institute)
• ကလေးငယ် ၃ ယောက် တစ်ယောက်နှုန်းတွင် မွေးရာပါအမှတ် ပါရှိခြင်း
ဤအချက်သည် အံသြစရာအချက် တစ်ချက်ပင် ဖြစ်ပါသည်။ ကလေး ၃ ယောက်တွင် တစ်ယောက်နှုန်း အမှတ်ပါရှိသည်။ မိန်းကလေးများက ယောင်္ကျားလေးများထက် အရေအတွက် နှစ်ဆပိုပါသည်။
(Source: Gale Encyclopedia of Children’s Health: Infancy through Adolescence | 2006 | Linwood, Aliene)
• မွေးစကလေးများသည် အနီးသာ မြင်ရခြင်း
မွေးစကလေးများသည် အနီးမြင်ပြီး သူတို့၏ အမြင်အာရုံသည် ၈ လက်မ နှင့် ၁၂ လက်မ အတွင်းသာ လူနှင့် အရာဝတ္ထုများကို အရှင်းဆုံး မြင်နိုင်သည်။ (Source: eMedicineHealth)
• ကလေးများသည် အလေးချိန် နှစ်ဆ တက်ခြင်း
ကလေးများသည် မွေးစမှ အသက် ၅ လ အရွယ်တွင် အလေးချိန် နှစ်ဆ တက်လာသည်။ (Source: Mayo Clinic)
အေးမို့
အနီးစပ်ဆုံး ကြိုးစားဘာသာပြန်ဆို ထားပါသည်။ အောက်ပါ website တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။
http://www.disneybaby.com/toys-and-gifts/registry-ideas/10-amazing-facts-about-babies-that-you-may-not-know/ (Posted by Nadia Carriere)
လွတ်ပစ်ခဲ့တဲ့ စက္ကူတစ်ရွက်
မိမိက မလိုချင်လို့ လွတ်ပစ်လိုက်တဲ့ အရာတစ်ခုဟာ တစ်ခြားသူအတွက်
အလွန်မှ အသုံးဝင်ချင် ဝင်နေမှာပါ။ ဒီလိုပါပဲ လက်ရှိဘဝမှာလည်း
တစ်ခါတစ်လေ မိမိမလိုအပ်လို့ ပိုနေတဲ့ အရာတွေကို ပေးကမ်းပစ်ဖို့ကို
လက်နှေး မနေပါနဲ့။
မိမိမှာလည်း ဘာမှ အသုံးမဝင်တဲ့ အရာတွေကို လက်ထဲမှာ ကိုင်ထားတာနဲ့
စာရင် တစ်ပါးသူ လိုအပ်ချက်ကို ဖြည့်ဆည်းလိုက်တာဟာ အလွန်မှ မွန်မြတ်ပါပေတယ်။ ဒါန ဆိုတဲ့ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းဟာ လူတိုင်း
လူတိုင်း လုပ်သင့်ပါပေတယ်
Credit ---Yoyarlay
ဟိုတုန်းက သူ့ချစ်သူကို သိပ်ချစ်ပြီး သိပ်ဂရုစိုက်တတ်တဲ့
ကောင်မလေး တစ်ယောက်ရှိဒယ်.....
-------------------------------------------------------------
ကောင်မလေး ဂရုစိုက်သလောက် ကောင်လေးကတော့
အဖက်မလုပ်ခဲ့ပါဘူး....
ကောင်လေး ဘာတွေလုပ်လုပ် ဘယ်လိုဘဲသူ့ကို ဆက်ဆံ
ပါစေ ခွင့်လွှတ်ပြီးဘေးနားမှာ ရှိနေခဲ့ဒယ်....
ကောင်မလေး message ပို့တိုင်း ကောင်လေးကဘယ်တော့မှ အရေးတစ်ယူပြန်ပို့ဒယ် မရှိခဲ့ဘူး....
ကောင်မလေး ph ဆက်တိုင်း ဘယ်တော့မှ အလေးထား
ပြီး ပြန်မပြောခဲ့ဘူး....
ကောင်မလေး တစ်ခုခုလိုက်ပို့ဖို့ ပူဆာတိုင်း ဘယ်တော့မှ
ကြည်ကြည်ဖြူဖြူ မရှိခဲ့ဘူး.....
ကောင်မလေးနဲ့ ပတ်သက်တာတွေ မွေးနေ့တို့ ချစ်သူများ
နေ့တို့ နှစ်ပတ်လည်နေ့တို့ သူ့အတွက် ဘယ်တော့မှ ဆု
တောင်းမပေးခဲ့ဘူး.....
ကောင်မလေး online မှာ စာပို့တိုင်း ဘယ်တော့မှ reply
မပြန်ခဲ့ဘူး.....
ကောင်မလေးရဲ့ Fb စာမျက်နှာမှာ သူ့အတွက်နေရာရှိခဲ့
ပေမယ့် သူ့စာမျက်နှာတွေမှာတော့ ကောင်မလေးအတွက်
နေရာမရှိခဲ့ဘူး......
ကောင်မလေးနဲ့ အပေါင်းအသင်းတွေ ယှဉ်လာတိုင်း ဘယ်
တော့မှ သူကောင်မလေးကို မျက်နှာသာမပေးခဲ့ဘူး....
တစ်ဖြည်းဖြည်း ရက်ကို လစား လကို နှစ်စား လို့ အချိန်တွေ ကုန်လာခဲ့ပြီ....ကောင်မလေး စိတ်ထဲ ဒဏ်ရာသေး
သေးလေးတွေကနေ တစ်ဖြည်းဖြည်းကြီးမားလာခဲ့ဒယ်...
သူ့အတွေးထဲ ကောင်လေး သူ့ကိုချစ်တယ်ဆိုတာ ဝေဝါး
လာခဲ့ဒယ်...သူ့ရင်ဖတ်ထဲ မေးခွန်းတွေ ထုတ်လာခဲ့ဒယ်..
သူ အဖြေတစ်ခု ရခဲ့ဒယ်...ကောင်လေး သူ့ကိုမချစ်ဘူး..
ဟုတ်ဒယ်...သူ ငိုခဲ့ဒယ်....
ပြီးတော့ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချလိုက်ဒယ်
သူ့အတွက်ဆို အချိန်မပေးနိုင်တဲ့ ကောင်လေး....
သူ့အတွက်ဆို မကြည်ဖြူနိုင်တဲ့ ကောင်လေး...
သူ့အတွက်ဆို အရေးမပေးနိုင်တဲ့ ကောင်လေး...
ကောင်လေး သူ့ကြောင့် မပျော်ရွှင်နိုင်ရတာတွေ...
ကောင်လေး သူ့ကြောင့် စိတ်ရှုပ်နေရတာတွေ...
အတွက်....သူ ကောင်လေးဘေးနားက ထာဝရ ပျောက်
ကွယ်သွားဖို့.....
တစ်နေ့မှာ....
ကောင်လေးဆီကို နေ့တိုင်း ပို့နေတဲ့ message တွေ
ရောက်မလာခဲ့တော့ဘူး.....
ကောင်လေးဆီကို နေ့တိုင်း ဆက်နေတဲ့ ph no လေး
မဝင်လာခဲ့တော့ဘူး.....
ကောင်လေးလည်း တစ်ရက်နှစ်ရက် အေးဆေးပါဘဲ...
တစ်ပတ်လောက်လည်း ကြာလာရော သူတစ်ခုခုလိုအပ်
နေသလို ခံစားလာရဒယ်...သူစဉ်းစားလာဒယ် ကောင်မ
လေး ဘာလို့ ဖုန်းမဆက်တာလဲ...နောက်တော့ သူဖုန်း
ဆက်ဖို့ ဆုံးဖြတ်ပြီး ကောင်မလေးဖုန်းကို သူဆက်လိုက်တဲ့
အချိန်မှာ သူ့ကိုပြန်ပြောဒယ်...ကောင်မလေးတော့ မ ဟုတ်ခဲ့ဘူး..."လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ
တပ်ဆင်ထားခြင်း မရှိသေးပါရှင်"....တဲ့..
အဲ့ဒီကတည်းက ကောင်လေးကို သိပ်ချစ်ခဲ့တဲ့ ကောင်မ
လေးဟာ ကောင်လေးဘေးနားက ထာဝရ ပျောက်ကွယ်
သွားခဲ့တယ်....
တစ်ကယ်တော့ ကောင်လေးက ကောင်မလေးကို သိပ်ချစ်
ပါတယ်...ဒါပေမယ့် ကောင်မလေးက သူ့ကိုသိပ်ချစ်တော့
သူ့အနားက မထွက်သွားဘူးဆိုပြီး ဂရုမစိုက်ခဲ့တာပါ...
ကောင်လေးဟာ နောင်တတွေ တစ်လှေကြီးနဲ့ ကောင်မလေး ပြန်လာမယ့်နေ့ကို စောင့်နေခဲ့ပါတော့တယ်....
တစ်ကယ်တော့ အချစ်ဆိုတာ အသွားအပြန်ရှိဖို့ လိုအပ်
ပါဒယ်...သူက ငါ့ကိုချစ်တာဘဲ...ငါဆိုးလို့ရတယ်...
ငါ သူ့ကို ဂရုမစိုက်လို့ရတယ်..ဆိုပြီး မတွေးလိုက်ပါနဲ့..
အတိုင်းအတာ ဆိုတာရှိပါတယ်....လူဆိုတာ ခံနိုင်ရည်
ကုန်ဆုံးတဲ့အခါမှာ ဘယ်လောက်ဘဲချစ်ချစ် လွတ်ချထား
ချင်ခဲ့မိကျတယ်....
ဒါကြောင့် ကိုယ်ရွေးချယ်ထားတဲ့ လက်တွဲဖော်ကို ကိုယ့်
ဘေးနားက ထာဝရရှိနေစေဖို့ အပြန်အလှန်ဂရုစိုက်ပါ..
ကြင်နာပါ...ဖေးမပါ...ဥပေက္ခာမပြုပါနဲ့...
မိန်းကလေးဆိုတာ ကိုယ့်လက်တွဲဖော်က ကိုယ့်ကိုအလေး ထားတာကိုလိုချင်ဒယ်..ကိုယ့်ကို ဦးစားပေးတာကို လိုအပ်တယ်...သင့် ရင်ထဲမှာ ချစ်နေတာကို ထုတ်မပြဘဲ
မြင်နေရအောင် နားလည်နေရအောင် မိန်းမဆိုတာ အကြား အမြင်ရနေတဲ့ သူတွေမဟုတ်ပါဘူး..........
Credit----(ThaintSuSuKyaw)
''အဖေသို့…တမ်းချင်း'' (၂)
==================
*ပြန်မရနိုင်မှန်း သိနေပေမယ့်
တစ်ခါတစ်လေတော့လည်း
ပြန်တမ်းတမိတယ် အဖေ…
အဖေရှိစဉ်တုန်းက မိသားစုဘဝလေးကိုပေါ့…။
*ပြန်မလာနိုင်မှန်း သိနေပေမယ့်
တစ်ခါတစ်လေတော့လည်း
လှမ်းမျှော်နေမိတယ် အဖေ…
အဖေပြန်လာနေကျ လမ်းကလေးဆီပေါ့…။
*ပြန်ကြားခွင့်မရှိနိုင်မှန်း သိနေပေမယ့်
တစ်ခါတစ်လေတော့လည်း
ပြန်ကြားချင်နေမိတယ် အဖေ…။
အဖေပြောနေကျ အိပ်ယာဝင်ပုံပြင်တွေကိုပေါ့…။
*ပြန်စားခွင့်မရှိနိုင်မှန်း သိနေပေမယ့်
တစ်ခါတစ်လေတော့လည်း
ပြန်စားချင်နေမိတယ် အဖေ…
ဟိုအရင်က မိသားစုထမင်းဝိုင်းလေးကိုပေါ့…။
*အဖေမရှိတော့မှ
'အဖေ'ဆိုတာကို သိတတ်လာခဲ့ပေမယ့်
အသိတွေနောက်ကျလို့
တန်ဖိုးထားခွင့် မရှိတော့တဲ့ဘဝပါအဖေ…။
*အဖေ့အကြောင်းတွေးရင်း
ညဥ့်နက်ခဲ့တဲ့ညတွေ ရှိခဲ့ဖူးသလို၊
ဝမ်းနည်းလို့ တစ်ယောက်တည်း
လူတွေမသိအောင် ကြိတ်ငိုခဲ့ရတဲ့အခါတွေလည်း
ရှိခဲ့ဖူးတယ်အဖေ…။
*နောင်တရလို့မဟုတ်ပေမယ့်
အခုမှကျတတ်ခဲ့တဲ့မျက်ရည်တွေ
ဆေးဖက်မဝင်နိုင်မှန်းသိသလို၊
အခါလွန်မိုးလိုပဲ ကောင်းကျိုးမပေးနိုင်မှန်းလည်း
သိပါတယ်အဖေ…။
*အခုချိန်မှာ
မဖြစ်နိုင်မှန်းသိပေမယ့်
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်ပေါ့…
အများသူငါ လူတကာတွေလိုပဲ
'အဖေ' ဆိုတဲ့ ဝေါဟာရတစ်ခုကို
ပြန်ခေါ်ခွင့်လေး ရချင်တယ်အဖေ……။
ညီလေးမောင်
''အဖေသို့ …တမ်းချင်း''
===================
*အဖေ…
'အဖမဲ့သား ရေနည်းငါး' တဲ့
အဖေမရှိတော့မှ 'အဖေ'ဆိုတာကို
ပိုနားလည် သိတတ်လာတယ်…။
*အဖေ…
အဖေမရှိတဲ့နောက် လောကအလယ်
လမ်းပြသူကင်းမဲ့လို့ ဆင်ကန်းတောတိုး
တုံးတိုက်တိုက် ကျားကိုက်ကိုက်
လောကဓံကိုရင်ဆိုင် ဒုက္ခကို ရေလဲလိုသုံး
ဘဝတစ်ခု အစပြု ဖို့ ကြိုးစားတုန်းမှာ
အဖေ့ဓာတ်ပုံကိုငေးကြည့်
တိုးတိုးလေး ကြားယောင်မိတယ်
''ဘဝဆိုတာ ဒါပဲ'' တဲ့…။
*အဖေ…
အရောင်ပြောင်းတတ်တဲ့လူတွေက
မလိုတမာ လိုသကာ
ခြောက်တစ်ခါ မြှောက်တစ်ခါနဲ့
မြေနိမ့်ရာ လှံစိုက်
သင်ခန်းစာတွေ မျှဝေလိုက်ကြတာ
ဒုက္ခရောက်မှ အဖေ့ကိုသတိရမိတော့
ဝိုးတဝါးလေး ကြားယောင်မိတယ်
''ဘယ်သူပျက်ပျက် ကိုယ်မပျက်နဲ့'' တဲ့…။
*အဖေ…
လောကဓံ ဘဝတိုက်ပွဲမှာ
အရှုံးတွေနဲ့ လဲပြိုကျ အားမာန်ကင်းမဲ့လို့
ကမ်းလက်တစ်စုံကို မှန်းမျှော်နေခိုက်
အဖေ့ပုံရိပ် တမ်းတမိတော့
သဲ့သဲ့လေး ကြားယောင်မိတယ်
''လဲရင်ပြန်ထပေါ့'' တဲ့…။
*အဖေ…
အဖေမရှိတော့ပေမဲ့
အဖေ့ရဲ့လမ်းညွှန်မှုတွေအောက်မှာ
လဲရင်ပြန်ထ လွဲရင်ပြန်စလို့
ဘဝကို ခရီးနှင်နေတဲ့ သားတစ်ယောက်
အစဉ်တမ်းတ သတိရလျှက်
ရည်မျှော်မှန်းကာ ဦးချလျှက်ပါ အဖေ……။
ညီလေးမောင်
နည်းပညာတိုးတက်ခြင်းနောက်ကွယ်မှ အပျိုငယ်လေးများအတွက် စိုးရိမ်ဖွယ် လိင်မှုကိစ္စများ
-------------------------------------------------------------
သင်ဟာ မိုဘိုင်းလ်ဖုန်း မကိုင်ဘဲ ဘယ်လောက် ကြာကြာ နေနိုင်ပါ သလဲ။ ကြိုးဖုန်းလဲ မသုံးပါနဲ့။ ရုပ်သံလဲမကြည့်ပါနဲ့။ ရေဒီယိုလဲ နားမထောင်ပါနဲ့။ နည်းပညာနဲ့ ပတ်သက်တာ ဘာတစ်ခုမှ မသုံးပါနဲ့။ လျှပ်စစ်မီး ကိုပါ ပိတ်ထား လိုက်ပါ။ လူတွေဟာ နည်းပညာ၊ အီလက် ထရွန်းနစ် နဲ့ လျှပ်စစ်ပစ္စည်း တွေကို ဘယ်လောက်ထိ စွဲလန်းကြ တယ်ဆိုတာကို စမ်းသပ် နေကြတဲ့သုတေသီများ က ဖော်ပြပါ အတိုင်း ညွှန်ကြား နေတာပါ။
မိုဘိုင်းလ်ဖုန်း၊ မက်ဆေ့ခ်ျ၊ ချက်တင်တွေ အမျိုးအစား စုံလင်စွာနဲ့ ပျံ့နှံ့လာတဲ့ နောက်ပိုင်း အိမ်ထောင်ရှင် တွေ၊ သမီးရည်းစား တွေကြားမှာ ဖောက်ပြန်မှု တွေ ကြောက်ခမန်း လိလိ တိုးလာပြီး ကျောင်းသား၊ ကျောင်းသူ တွေကလဲ ကိုယ်ပိုင် ဦးနှောက်၊ ဆင်ခြင်ဉာဏ်၊ မှတ်ဉာဏ် စွမ်းအား တို့ကို မသုံးကြ တော့ဘဲ ကွန်ပျူတာ နဲ့ နည်းပညာ ပေါ်ကိုပဲ လုံးလုံး လျားလျားကြီး အားကိုး လာကြပြီး စာမေးပွဲမှာ မိုဘိုင်းလ်ဖုန်း တွေ သုံးပြီးတော့ စာခိုးချတဲ့ ပြဿနာလဲ ကြီးသည်ထက် ကြီးလာတဲ့ အတွက် အခုလို နည်းပညာ ကင်းမဲ့ဇုန်မှာ ဘယ်လောက် ကြာကြာ နေနိုင် သလဲဆိုတာ သုတေသီ များက စမ်းသပ် လေ့လာ ကြခြင်း ဖြစ်ပါတယ်။
အရင်က ကြိုးဖုန်း လောက်ရှိတဲ့ အခါ ဖုန်းလာ လိုက်ရင် တစ်အိမ်လုံး သိပါတယ်။ ဖုန်းကို လူကြီးက အရင်ကိုင် ပါတယ်။ လိုအပ်မှ သား၊ သမီး တွေကို ပေးပါတယ်။ မသင်္ကာရင် နောက်ဖုန်း တစ်လုံး မပြီး နားထောင်လို့ ရပါ သေးတယ်။ အခုတော့ အသံပိတ် ထားပြီး တုန်ခါမှု လောက် ပေးထားလို့ ရတဲ့ မိုဘိုင်းလ်ဖုန်း စနစ်မှာ ဘယ်သူမှ မသိအောင် ပို့၊ လက်ခံ လို့ရတဲ့ မက်ဆေ့ခ်ျ၊ အိပ်ရာထဲမှာ တိတ်တိတ် ကလေး သုံးလို့ရတဲ့ ဖေ့စ်ဘွတ်၊ ဝီချက်၊ ဂျီတော့၊ ဗိုင်ဘာ တွေ ရှိလာတော့ အပျင်းပြေ သုံးရာ ကနေ အပျို၊ အအို မရှောင် အကျင့် စာရိတ္တ ဆိုးရွား ပျက်ပြားလာတဲ့ အထိ ဖြစ်လာပြီး လင်မယား ကွာရှင်း ပြတ်စဲမှုနှုန်း အဆမတန် မြင့်မား လာပြီး လူငယ်တွေလဲ အကျင့်ပျက် လာတော့မှ အမေရိကန် သုတေသီ များက ဆက်သွယ်ရေး နည်းပညာ ရဲ့ အကျိုးအပြစ် တွေကို အရေးတယူ လေ့လာ ခဲ့ခြင်း ဖြစ်ပါတယ်။
လူငယ်တွေဟာ နည်းပညာ အသစ်တွေကို တိုးတိုးပြီး အသုံးပြု နေကြ ပါတယ်။ လူငယ် ၉၃ ရာခိုင်နှုန်း ဟာ အွန်လိုင်း သုံးကြ ပါတယ်။ ဖေ့စ်ဘွတ် သုံးသူ ၇၃ ရာခိုင်နှုန်း ရှိပြီး ကိုယ်ပိုင် မိုဘိုင်းလ်ဖုန်း ရှိသူ ၇၅ ရာခိုင်နှုန်း ရှိပါတယ်။ မိုဘိုင်းလ်ဖုန်း လက်ထဲက မချစတမ်း သုံးနေတဲ့ လူငယ်တွေ ကိုကြည့်ပြီး စိုးရိမ် သောကပွား နေရ တာကတော့ မိဘ၊ ဆရာ နဲ့ အုပ်ထိန်းသူ တို့ပါပဲ။
ကမ္ဘာ တစ်ဝန်းက မီဒီယာတွေ မှာ လူငယ် အပျိုငယ် တွေဟာ လိင်ကိစ္စ တွေကို မက်ဆေ့ခ်ျ ကနေ ပို့နေကြောင်း၊ ကိုယ်တိုင်ရိုက် ညစ်ညမ်းပုံ တွေကိုလဲ အပလီ ကေးရှင်း အမျိုးမျိုး ကနေ အပေးအယူ လုပ်နေကြောင်း ဖော်ပြ နေကြသလို ဆက်သွယ်ရေး နည်းပညာ ကို အသုံးပြုပြီး တစ်ဖက် သားကို နိုင်ထက် စီးနင်း လုပ်နေ သူတွေ၊ စိတ်သောက ရောက်စေ သူတွေ၊ အရှက်တကွဲ အကျိုးနည်း ဖြစ်စေ တာတွေ ကိုလဲ ကြားသိ နေရပါတယ်။
ဒီလို ကိစ္စမျိုးတွေဟာ လူငယ် တွေမှာပဲ ဖြစ်တာ မဟုတ်ဘဲ အိမ်ထောင်သည် တွေမှာပါ ဖြစ်ပျက်နေပြီး ထိန်းမနိုင် သိမ်းမရ ဖြစ်လာ တော့မှ ပေါက်ကွဲ သံစဉ်တွေနဲ့ လင်ခန်း မယားခန်း ကွာရှင်း ပြတ်စဲ ရသည်အထိ ဖြစ်လာ ကြတာကို တွေ့ရပါတယ်။ နောက်ပြီး ဒီလို အကျင့်ဆိုး တွေကလဲ ဗိုင်းရပ်စ် သဖွယ် တစ်ဦးကို တစ်ဦး ကူးစက် ပျံ့နှံ့တတ် ပြန်တဲ့အတွက် ဆက်သွယ်ရေး နည်းပညာကို အသုံးပြုပြီး အကျင့်ပျက် နေကြတဲ့ လူတစ်စုကို ရှာဖွေ ဖော်ထုတ်ပြီး လမ်းကြောင်း မှန်ပေါ် ပြန်တင် ပေးနိုင်ဖို့ ပညာရှင် များက သုတေသန ပြု လေ့လာ နေကြတာ ဖြစ်ပါတယ်။
လိင်ကိစ္စ တွေကို မဆွေးနွေးတဲ့ အဖွဲ့ တွေမှာလဲ အန္တရာယ်က မကင်းသေး ပါဘူး။ ဆက်သွယ်ရေး နည်းပညာကို အသုံးပြုပြီး တစ်ဖက်သား ကို အနိုင်ကျင့် တာနဲ့  ကိုယ် - စိတ် ဆင်းရဲအောင် ပြုမူ ပြောဆို တာတွေ ဒုနဲ့ဒေး ရှိပါတယ်။ နေ့စဉ် ရက်ဆက် အနိုင်ကျင့်ခြင်း၊ ရန်လို ခံရခြင်းတို့ ရှိနိုင်သလို ယုတ်မာ ရိုင်းစိုင်းတဲ့ ထင်မြင်ချက် တွေ ပေးတာ၊ ခြိမ်းခြောက်တာ၊ ရန်လိုတာ၊ ကောလာဟလ ဖြန့်တာနဲ့ တခြား စိတ်ဆိုးဖွယ်၊ စိတ်ထိခိုက်ဖွယ် အပြုအမူ၊ အပြောအဆို အမျိုးမျိုး တွေလဲ ရှိနေတာကို ကြားသိ နေရပါတယ်။
စစ်တမ်းအရ ဆက်သွယ်ရေး နည်းပညာ အသုံးပြု နေကြတဲ့ လူငယ် ၂၄ ရာခိုင်နှုန်း ဟာ ဆက်သွယ်ရေး နည်းပညာနဲ့ ကိုယ်စိတ် ဆင်းရဲအောင် ပြုမူပြောဆို တာတွေကို ခံနေ ရပါတယ်။ ၁၃ ရာခိုင်နှုန်းက အနိုင်လဲ အကျင့်ခံရ၊ ကိုယ်စိတ် ဆင်းရဲ အောင်လဲ အပြောခံ ရပါတယ်။ အနိုင်ပဲ အကျင့်ခံ ရသူကတော့ တစ် ရာခိုင်နှုန်းပဲ ရှိပါတယ်။
ဒီနေရာမှာ အနိုင်ကျင့် ခံရတာကို ခွဲခြမ်း စိစစ်ကြည့်မယ် ဆိုရင် လူလူချင်း အနိုင်ကျင့်တာ ၄ဝ ရာခိုင်နှုန်း၊ ဖုန်းခေါ်ပြီး အနိုင်ကျင့် ပြောဆိုတာ ၁ဝ ရာခိုင်နှုန်း၊ မက်ဆေ့ခ်ျပို့ ပြီး နိုင်ထက် စီးနင်း ပြောတာ ၁၄ ရာခိုင်နှုန်း နဲ့ အွန်လိုင်း စာမျက်နှာ တွေကနေ တိုက်ခိုက်တာ ၁၇ ရာခိုင်နှုန်း ရှိပြီး တခြားနည်း တွေနဲ့ အနိုင်ကျင့် တာက ၁ဝ ရာခိုင်နှုန်း ရှိတာကို တွေ့ရပါတယ်။
ဒါဖြစ်ရင် ဖုန်းပိတ်ထား ပါလား၊ အွန်လိုင်း မသုံးပါနဲ့ လားလို့  သူတို့ကို ပြောကြည့်တဲ့ အခါမှာ ခေါင်းညိတ်ကြ ပါတယ်။ ဒါပေမဲ့ ဖုန်းကိုတော့ လက်က မချပါဘူး။ ဖုန်းဆိုတာ ဆက်သွယ်ရေး နည်းပညာသုံး ကိရိယာ အပြင် တခြား နည်းလမ်း ပေါင်းစုံနဲ့လဲ အသုံးပြုလို့ ရနေတော့ ဒီဖုန်းကို မချနိုင်တာ မထူးဆန်း ပါဘူး။
ဒီနေ့ လူကြီး၊ လူငယ်မရွေး မနက်ထ လာရင် ဖုန်းကို အရင်ကိုင် ကြည့်ကြ ပါတယ်။ ကွန်ပျူတာကို ဖွင့်ကြ ပါတယ်။ မျက်နှာ မသစ်ခင် မှာကို အင်တာနက်လိုင်း ရ၊ မရ အရင်ကြည့်ကြ ပါတယ်။ အိမ်ထဲက မိသားစုဝင်တွေ အပေါ် စိတ်မရှည် သလောက် ဖုန်း၊ အင်တာနက် ပေါ်က လူတွေနဲ့ ကျတော့ စိတ်ရှည် လက်ရှည် ပြောကြဆို ကြပါတယ်။ လူတိုင်းစေ့ ဖုန်းငုံ့ကြည့် နေတဲ့ ထမင်းစား ဝိုင်းမျိုး စာဖတ်သူလဲ မြင်ဖူးမှာပါ။ လမ်းကွေ့ တွေမှာ ဖုန်းကို ငုံ့ကြည့်နေရင်း ဆိုင်ကယ် စီးလာတဲ့ ကောင်လေး တွေကြောင့် ယာဉ်မောင်းသူ အတော် များများလဲ အထိတ် တလန့်ဖြစ် ဒေါသထွက်ဖူး မှာပါ။ သားလေး၊ သမီးလေးကို မတွေ့လို့ တစ်အိမ်လုံး အနှံ့ လိုက်ရှာလိုက်ရင် အိပ်ရာထဲမှာ နံရံဘက် မျက်နှာမူ လဲလျောင်း နေပြီး ဖုန်းကို ပဲ တကုပ်ကုပ်နဲ့ သုံးနေတာကို တွေ့ရလို့ စိတ်ထဲ တင်းခနဲ ဖြစ်သွားတဲ့ မိဘတွေလဲ အများကြီးပါ။
ကားမောင်းရင်း ဖုန်းပြောနေလို့ မီးပွိုင့်၊ မီးနီကို ဖြတ်မောင်းမိ သူတွေ၊ တာဝန်ချိန်မှာ ဖုန်းကလိ နေလို့ အလုပ်ပြုတ် သွားတဲ့ သူတွေ၊ ဖုန်းကို ဘယ်မှ မချရဲဘဲ အိမ်သာသွား ရင်တောင် တစ်ပါတည်း ယူသွား တတ်သူ တွေကို ကျွန်တော်တို့ စိန်ခေါ်မှုလေး တစ်ခု လုပ်ကြည့် ရအောင်။ ဆက်သွယ်ရေး နည်းပညာ မသုံးဘဲ ဘယ်လောက် ကြာကြာ နေနိုင် သလဲပေါ့။ ဖုန်းနဲ့ အင်တာနက် လုံးဝမသုံးဘဲ နေကြည့်ပါ။ နှစ်နာရီ လောက်နေ နိုင်တယ်ဆိုရင် စာဖတ်သူဟာ တကယ် တော်ပါတယ်။ အမေရိကား မှာတော့ ၁ဝ မိနစ်ထက် ပိုမနေနိုင် ကြတာကို တွေ့ရပါတယ်။
တိုးတက် ပြောင်းလဲ လာတဲ့ခေတ် စနစ်အရ ဆက်သွယ်ရေး နည်းပညာကို မသုံးမဖြစ် သုံးကို သုံးရပါမယ်။ ဒါပေမဲ့ အဲဒီ ဆက်သွယ်ရေး နည်းပညာ အသုံးပြု အပလီ ကေးရှင်း၊ ဆော့ဖ်ဝဲနဲ့ အခြား လူမှုကွန်ရက် တွေကြောင့် သင်ဟာ လူသား မဆန်တော့ဘဲ နည်းပညာ သိပ်ဆန် သွားနိုင်တယ် ဆိုတာ ကိုတော့ ဂရုပြုရ ပါမယ်။
အိမ်နေရင်း ပျင်းပျင်း ရှိတာနဲ့ အွန်လိုင်းသုံးရင်း မဖြစ်သင့် တာတွေ ဖြစ်သွားတဲ့ အိမ်ရှင်မတွေ၊ ကိုယ့်လိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်မယ့် သူတွေကို အွန်လိုင်းမှာ အမျိုးမျိုး ရေလာ မြောင်းပေး လုပ်ပြီး ရှာဖွေ နေတာတွေ၊ ပုရိသများ ကလဲ မိန်းကလေး တွေကို နှမချင်း မစာနာ ပြောဆို ချဉ်းကပ် နေတာတွေ၊ သင့်သားသမီး ဖုန်းနဲ့လူနဲ့ မခွာနိုင်လို့ မိသားစုနဲ့ပါ တဖြည်းဖြည်း ဝေးနေတာ တွေကို ကုစားနိုင်ဖို့  ဆက်သွယ်ရေး နည်းပညာ ကင်းမဲ့ဇုန်နဲ့ အချိန်လေး တစ်ခု ဖန်တီးလိုက်ပါ။ အဲဒီ အချိန်မျိုးမှာ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ အားလုံး လူ၊ လူချင်း ဆက်ဆံ ပြောဆိုကြပါ။ လောကကြီးရဲ့အလှကို ခံစား ကြည့်ရှုကြပါ။ စကားတွေ ပြောကြပါလို့ တိုက်တွန်းရင်း ဆက်သွယ်ရေး နည်းပညာ နောက်ကွယ် က ကြောက်မယ်ဖွယ် နစ်နာမှု တွေကို လေ့လာ ရေးသား တင်ပြလိုက်ရ ပါတယ်။ ။
Credit. Yatanarpon new
လုပ်ငန်းခွင်ထဲ ရောက်သွားတဲ့အခါ ကျောင်းတုန်းကလို သူငယ်ချင်း ရွေးပေါင်းသလို လုပ်ဖော်ကိုင်ဖက်တွေကို ရွေးချယ်ပေါင်းဖို့ မဖြစ်နိုင်တော့ပါဘူး။ ကိုယ်နဲ့အဆင်မပြေတဲ့သူလည်းရှိနိုင်သလို ကိုယ်နဲ့ကီးကိုက်တဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း ရှိလာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က အားလုံးနဲ့ အဆင်ပြေအောင် နေနေရဲ့သားနဲ့ ကိုယ့်ကိုကြည့်မရဖြစ်ပြီး အပြစ်ပြော၊ အပြစ်မြင်နေတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိတယ်ဆိုရင် သူတို့နဲ့ဆက်ဆံတဲ့အခါ ကိုယ့်ဘက်က အမှားမရှိအောင် ပြောဆို ဆက်ဆံနိုင်ဖို့ နည်းလမ်းကောင်းလေးတွေ ပေးချင်ပါတယ်။
၁။မှတ်တမ်း မှတ်ရာတွေကို သေချာသိမ်းဆည်းထားပါ။
အလုပ်မှာ သူနဲ့ အလုပ်အတူတူ တွဲလုပ်တဲ့အခါ သုံးရတဲ့ မှတ်တမ်းတွေအားလုံးကို သေချာသိမ်းထားပါ။ သူနဲ့ကိုယ်နှစ်ယောက်တည်း မဟုတ်ပဲ အခြားတစ်ယောက်ကိုလည်း သူဘာတွေပြောနေ၊ လုပ်နေတယ်ဆိုတာ သိထားပါစေ။ လိုအပ်လာ မယ်ဆိုရင် သူပြောဖူးတဲ့ စကားတွေကိုပါ အားလုံးမဟုတ်တောင် record ယူထားပါ။ လုပ်ငန်းခွင်မှာ သူကိုယ့်ကို တစ်ခုခုဆို အပြစ်ပုံချလို့ မရအောင် ကိုယ့်ဘက်က ကာကွယ်ထားတဲ့ သဘောပါပဲ။
၂။ကိုယ့်ဘက်က ပြင်ဆင်စရာတွေ အားလုံးပြင်ဆင်ပါ။
သူ့ရဲ့လုပ်ရပ်တွေက ကိုယ့်အလုပ်အတွက်ပါ ထိခိုက်မှုတွေ ရှိလာပြီဆိုရင်တော့ သူနဲ့ တိုက်ရိုက်စကားသွားပြောဖို့ အချိန်ကျပါပြီ။ အလုပ်နဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံးကို သူ့ကိုထောက်ပြပြောဆိုနိုင်အောင် ကိုယ့်ဘက်က ပြင်ဆင်ထားရပါလိမ့်မယ်။ သူ့ကို ပြောဆိုတဲ့အခါ ကိုယ်ရေးကိုယ်တာတွေ မပါဘဲ အလုပ်အတွက်ပဲ တိတိကျကျပြောဆိုပါ။ သင့်ရဲ့လုပ်ပုံကိုင်ပုံနဲ့ လေသံဟာ ပရော်ဖက်ရှင်နယ်ဆန်နေပါစေ။
၃။ဘာ့ကြောင့်လဲဆိုတာ ကောင်းကောင်းမွန်မွန်မေးပါ။
သူဟာ ကိုယ့်ကို သက်သက်မဲ့ ကြံစည်ပြီး ခုလို လုပ်နေတာမျိုးဆိုရင် သူ့ကို ဘာ့ကြောင့်လဲဆိုတာ မေးပါ။ သူပြောနေတာတွေကို အဆုံးထိ သေသေချာချာဂရုတစိုက်နားထောင်ပြီးမှ ကိုယ်မရှင်းတာတွေကို ပြန်မေးပါ။ သူဟာ ကိုယ့်ကို ရာထူးမတိုးအောင်လုပ်တာမှန်း သိနေရင်တောင် ကိုယ့်ဘက်က မရိုင်းတဲ့ မေးခွန်းမျိုးမေးပါ။ ဒါ့အပြင် သူနဲ့ကိုယ် ပြောစရာရှိတာတွေပြောပြီးသွားရင်လည်း နောက်ပိုင်း ကိုယ်ဟာ အလုပ်ကို ပိုဂရုစိုက်လုပ်တော့မယ်ဆိုတဲ့ အကြောင်း ပြောခဲ့ပါ။
၎။စိတ်လိုက်မာန်ပါ မပြောမိ၊ မလုပ်မိပါစေနဲ့။
လူပဲလေ။ ကိုယ့်အပေါ် သက်သက်ကြီး အနိုင်ကျင့်နေမှန်း၊ ကိုယ့်အိုင်ဒီယာတွေ ကူးချနေမှန်း သိတဲ့အခါမှာတော့ ဘယ်သူမဆို ဒေါသထွက်မှာပေါ့။ ဒါပေမယ့် တတ်နိုင်သလောက်တော့ ထိန်းထိန်းသိမ်းသိမ်းပြောဆိုပါ။ တကယ်လို့ မျက်ရည်ကျသွားမိရင်တောင် ဒီအလုပ်ဟာ ငါ့အတွက် သိပ်အရေးကြီးလို့ ခုလိုမျက်ရည်ကျရတယ် ဆိုတာမျိုးပြောပါ။ လက်တွေဘာတွေပါတာမျိုး လုံးဝမဖြစ်ပါစေနဲ့။
၅။ကိုယ်မဖြေရှင်းနိုင်တဲ့အရာတွေကို အထက်အရာရှိတွေ အကူအညီနဲ့ဖြေရှင်းပါ။
သူနဲ့ကိုယ်နဲ့ ပြ ဿ နာ တစ်ခါတက်ပြီးသွားလို့ မျက်နှာချင်းဆိုင်ရှင်းပြီးသွားပြီ။ ဒါတောင် ခုထက်ထိ ကိုယ့်အပေါ် ဆိုးဆိုးဝါးဝါး ပြုမူနေတုန်း။ ကိုယ်သူနဲ့ ဘာ့ကြောင့် ဘယ်လိုဆိုတာ မျက်နှာချင်းဆိုင် ပြောဆိုပြီး သုံးခါလောက်အထိ သည်းခံပေးလိုက်ပါ။ သုံးခါကျော်သွားရင်တော့ အထက်အရာရှိတွေ၊ HR က တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်ပြောဆိုပါ။ ကိုယ့်ဘက်က ပြောဆိုချပြရမယ့် အထောက်အထား ခိုင်ခိုင်လုံလုံရှိပါစေ။
Credit : TrendMyanmar
နားလည်မှု အိမ်လေး
*•••••±±±±±•••••*
"ဒီမှာ ---- ရှင်နဲ့ ကျွန်မ ကွာရှင်းကြရအောင်"
"ပြောမှပြောပါ့မလားလို့ကွာ --- ငါ အဲ့ဒီစကားကြားချင်နေတာ ကြာပြီ။ ယောင်္ကျားတယောက်အနေနဲ့ မပြောချင်လို့ကွ"
"ကျွန်မ မျှော်လင့်ခဲ့တဲ့ဘဝနဲ့ အခုရလာတဲ့ဘဝ တခြားစီပဲ။ ကျွန်မ ဆက်ပြီးသည်းမခံနိုင်တော့ဘူး။ နေ့တိုင်း ရုန်းကန်နေရတဲ့ဘဝကို စိတ်နာလာပြီ။ ရှင့်ကိုလည်း အပြစ်မတင်ချင်ပါဘူး။ မနက်ဖြန် ကွာရှင်းပြီး အိမ်ပြန်နေတော့မယ်"
-----------------------------------------------
"အန်တီ ----- သား အန်တီတို့နဲ့ နေပါရစေ။ သားမှာနေစရာ မရှိလို့ပါ"
"ဘာ ---- တို့တောင် အိမ်ကအမွေဖြတ်ထားလို့ အိမ်ငှားနေရတာ---- ခု အိမ်ငှားခ စားစရိတ် မတက်နိုင်တော့လို့ ကွာရှင်းပြီး အိမ်ပြန်မလို့ပါဆို။ မင်းကို ခေါ်မထားနိုင်ပါဘူးး"
"ခေါ်ထားပေးပါ အန်တီရယ် ---- သားလိမ်လိမ်မာမာ နေမှာပါ။ အန်တီတို့ကိုလည်း အဆင်ပြေအောင် ကူညီမှာပါ။ အန်တီနဲ့ ဦးကိုသာ သားမိဘတွေဖြစ်ခွင့်ပေးပါနော်"
"ဟင့်အင်းးးးး ဟင့်အင်းးးး မခေါ်ဘူးးးး မလာနဲ့ ---- "
"မခေါ်ဘူးးးးးးးးးးးးးးးးး
းးးးးးးးးးးးးးးး"
--------------------------------------------
"အကို မေဦး ညက ထူးဆန်းတဲ့အိပ်မက် မက်တယ်။ ကလေးတစ်ယောက် ----"
"ဟာ ----- အကိုလည်းးးး
ကောင်လေးမို့လားးး ကိုယ်တို့နဲ့ နေချင်လို့တဲ့ ----"
"ဒါဆို ----???"
--------------------------------------------
သားလေး ရတု ----
ထိုနေ့မှစ၍ ကျွန်မတို့ဘဝ တစ်ဆစ်ချိုးပြောင်းလဲခဲ့ပြီ။ ပြတ်လုဆဲဆဲကြိုးတစ်ချောင်းကို ဆက်ပေးလိုက်သည့် သားလေး ရတု။
ဒါ့အပြင် --------?
ကျွန်မတို့နှစ်ဦး လေးလေးနက်နက် စဉ်းစားခဲ့ကြသည်။ စတင်သိကျွမ်းချိန်မှစ၍ ချစ်သူတွေဖြစ်ပြီး အိမ်ထောင်ကျသည်အထိ ကျွန်မတို့နှစ်ယောက်အကြား ထားရှိခဲ့သည့်စကားများ နားလည်ပေးခဲ့သည့် အဖြစ်အပျက်များ အလျှော့ပေးခဲ့သည့် အကြောင်းအရာများးးးစသဖြင့်။
"မေဦး ဒီလိုလုပ်ရအောင်။ စာရွက် ၂ ရွက်ယူ။ အကို့စာရွက်မှာ မေဦးနဲ့ပတ်သက်တဲ့ ကောင်းတဲ့အချက်တွေနဲ့ ဆိုးတဲ့အချက်တွေကို ချရေးမယ် ---- မေဦးလည်း မေဦးစာရွက်မှာ အကို့ကောင်းကွက် ဆိုးကွက်တွေ ချရေးပေး။ ပြီးရင် လဲဖတ်ပြကြမယ် --- ok? "
"ok "
--------------------
------------------
--------------------
"မေဦး အကို့ကို မကွာရှင်းတော့ပါဘူးးးအကိုရယ် --- မေဦးရဲ့တဖက်သက်အမြင်တွေနဲ့ အကို့အပေါ်မှာ အထင်အမြင်မှားနေခဲ့တာပါ။ အခု အကို့စာရွက်ကို ဖတ်ကြည့်မှ -------
မေဦးတို့နှစ်ယောက် အချိန်တွေအများကြီးမှာ အဆိုးအကောင်းတွေကို ဖြတ်သန်းခဲ့ဖူးကြတာပဲနော် ------။ မေဦး အနာဂတ်ကို မကြောက်တော့ပါဘူးးအကိုရယ် ----- အကိုနဲ့ပဲ မေဦးရဲ့အနာဂတ်ကို ဖြတ်သန်းတော့မယ်နော်----"
"အကိုတို့ရဲ့လက်ကိုဆုပ်ကိုင်ပေးမယ့် အိပ်မက်ထဲက ကလေးလေးရောပါတယ်လေ မေဦးရဲ့----"
"ဟုတ် ဟုတ်တာပေါ့ အကိုရယ်"
--------------------------
----------------------
ကျွန်မတို့ လက်တွဲခိုင်မြဲခဲ့ကြပါသည်။ သားလေးနှင့်အတူ အကိုရယ် ကျွန်မရယ်ပေါ့။
ထိုအချိန်မှစ၍ ကျွန်မနှင့်အကို့ကြားမှာ စာအုပ်လေးတစ်အုပ်ရှိခဲ့ပါသည်။
"နားလည်မှု စာလွှာများ" ဆိုသည့်ခေါင်းစဉ်ပေးထားသော စာအုပ်လေး။ နှစ်ယောက်သား စိတ်အခန့်မသင့်သည့်အခါတိုင်း ထိုစာအုပ်လေးတွင် ရေးလေ့ရှိကြသည်။ စကားနည်းသည့်အကိုနဲ့ စိတ်ကောက်ရင်စကားမပြောတတ်သည့်
ကျွန်မတို့နှစ်ယောက်အတွက် ကူညီဖြေရှင်းပေးရာ "နားလည်မှု စာလွှာ" စာအုပ်လေးက ကျွန်မတို့ရဲ့ ကျေးဇူးရှင်လေးပေါ့။
ဒီလိုနဲ့ ------- ကျွန်မတို့မိသားစုလေးလည်း ပျော်ရွှင်စရာမိသားစုလေး ဖြစ်ခဲ့တယ်ပေါ့ရှင် -------- ။
"နားလည်မှု စာလွှာ" စာအုပ်လေးရယ်
သားလေးရယ်
အကိုရယ်
ကျွန်မရယ်
"နားလည်မှုအိမ်လေး" ထဲမှာ အသက်ထက်ဆုံး နေထိုင်ကြပေအုံးမည် ဖြစ်ပါကြောင်းးးးးးးးးးးးးး။ ။
မိသားစုတိုင်း နားလည်မှုဖြင့် တစ်သက်စာ လက်တွဲနိုင်ကြပါစေ ---
်
်အေးမို့
ရိုးရှင်းသော ဘဝ
••°•°•°•°•°•°•°••
ရိုးရှင်းသော ဘဝ •••••
ပြိုင်ဆိုင်မှုတွေ မပါဘူး ~~~
မျက်နှာဖုံးတွေ တပ်မထားဘူး ~~~
သံသယတွေ မရှိဘူး ~~~
ရိုးရှင်းသော ဘဝ •••••
အတုအယောင်တွေကို
ဥက္ခောပြုထားတယ် ~~~
ဝန်တိုငြူစူမှုတွေကို
ကျောခိုင်းထားတယ် ~~~
ကလဲ့စားချေတုံ့ပြန်မှုတွေကို
လျစ်လျူရှုထားတယ် ~~~
်
ရိုးရှင်းသော ဘဝ •••••
မြင့်မြတ်လောက်အောင် မကြီးကျယ်ဘူး ~~~
သေးနုပ်လောက်အောင် မချို့တဲ့ဘူး ~~~
ရောင့်ရဲမှုနဲ့ ငြိမ်းချမ်းတဲ့ ရိုးရှင်းသောဘဝလေးတစ်ခုတော့ ပိုင်ဆိုင်ထားတယ်။ ။
အေးမို့
အသည်းကွဲတဲ့အခါ နာကျင် ခံစားရတာတွေဟာ သင့်အတွက် ကောင်းကျိုးတွေလည်း ဖြစ်လာနိုင်
==============================================
အသည်းကွဲတယ်ဆိုတာ နာကျင်စရာကိစ္စပါပဲ။ ပိုချစ်လေ ကိုယ့်အတွက် ပိုခံစားရ၊ ပိုနာကျင်လေပေါ့။ မပြတ်ခင်ကတည်းကလည်း သူနဲ့ကိုယ် ရန်တွေဖြစ်၊ ဒေါသတွေထွက်နေရတယ်၊ ဒါမှမဟုတ်လည်း ကိုယ့်ဘက်က ရင်ထဲမှာကြိတ် ခံစားနေရတယ်။ ခုတော့ ဇာတ်လမ်းက လုံးဝပြီးသွားပြီ၊ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ သေချာ သွားပြီဆိုရင်တော့ အသည်းကွဲတာဟာ ငါမှဖြစ်ရလား ဆိုပြီး တွေးမနေတော့ဘဲ ကောင်းတဲ့ဘက်ကလည်း ခုလို စဉ်းစားကြည့်နိုင်တာပဲလေ။
၁။အဆိုးဆုံးတွေ အားလုံးပြီးသွားပြီ။
ရန်တွေဖြစ်ရ၊ အော်ငေါက်တာတွေ ခံစားရ၊ ဖေ့စ်ဘွတ်ခ်မှာ စတေးတပ်စ်တွေ အပြိုင်အဆိုင်တင်ပြီး သူမှန်တယ်၊ ငါမှန်တယ် ငြင်းခုန်ရ၊ စွပ်စွဲချက်တွေကြောင့် ခံစားရ စတာတွေဟာ ခုချိန်မှာ အားလုံးအဆုံးသတ်သွားပြီမို့ ငါအေးချမ်းသွားပြီ လို့ တွေးပါ။ ရှေ့ရက်တွေမှာ ခံစားနေရတာတွေ အားလုံးပြီးဆုံးသွားပြီမို့ စိတ်သက်သက်သာသာဖြစ်ပြီလို့ တွေးဖို့လိုပါတယ်။
၂။email တစ်ခုကို နှစ်ယောက်အတူတူ သုံးရတာမျိုးတွေ၊ တစ်ယောက် password တစ်ယောက် သိတာမျိုးတွေ မရှိတော့တာကြောင့် အာရုံမနောက်တော့ဘူးပေါ့။
ကိုယ်က မရှုပ်ပေမယ့် တစ်ခါတစ်လေ ကိုယ်မသိတဲ့ ပြဿနာတွေ အမြဲတမ်း ရင်ဆိုင်နေရတာမျိုးတွေ ရှိတတ်ပါတယ်။ Email အတူတူ သုံးတာမျိုးတွေ၊ ချစ်သူက ကိုယ့်ကို စိတ်မချလို့၊ မယုံလို့ password ပေးထားရတာမျိုးတွေ မရှိတော့ဘူးဆိုတော့ အေးအေးဆေးဆေးဖြစ်သွားပြီလေ။
၃။သူမုန်းတဲ့အရာတွေကို ကိုယ်ရှောင်စရာမလိုပဲ လုပ်လို့ရပြီ။
သူက ဟိုဟာလုပ်တာ မကြိုက်ဘူး။ ဒီကိုသွားတာ မကြိုက်ဘူး။ ဟိုလူနဲ့ မပေါင်းနဲ့။ ဒါမျိုးတွေ မ၀တ်နဲ့ဆိုတဲ့ အရာတွေ ခုကိုယ့်စိတ်ကြိုက် နေလို့၊ လုပ်လို့ရပြီပေါ့။ သူ့အတွက် ထည့်စဉ်းစားစရာ မလိုတော့ဘူး။ ဘယ်လောက်မိုက်သလဲ။
၎။ကိုယ့်အတွက် အချိန်တွေ ပိုရလာတယ်။
မိန်းကလေးတွေဆိုရင် မျက်နှာပေါင်းတင်မလား၊ ခြေသည်းလက်သည်းအလှပြင်မလား၊ ရှော့ပင်ထွက်မလား ၊ ယောဂကျင့်မလား၊ တစ်နေ့တစ်နေ့ သူနဲ့တွေ့နေရတာကြောင့် ကိုယ်လုပ်ချင်တာတွေ မလုပ်ပဲ နေနေရတာ ခုတော့ ကိုယ့်အတွက် အချိန်တွေတောင် ပိုရလာသေး။ ယောင်္ကျားလေးတွေဆိုရင်လည်း သူငယ်ချင်းတွေနဲ့ ဘောလုံးပွဲကြည့်မလား၊ ဘီယာဆိုင်သွားမလား၊ အရင်လို ဖုန်းလိုက်ဆက်နေမယ့်သူ မရှိတော့ အေးဆေးပဲပေါ့။
၅။သူငယ်ချင်းတွေနဲ့တွေ့ဖို့ အချိန်ပိုရလာတယ်။
ရည်းစားရှိချိန်ကဆို တစ်ပတ်မှာ တစ်ခါ မပြောနဲ့၊ တစ်လမှာ တစ်ခါတောင် သူငယ်ချင်းတွေအတွက် အချိန်မပေးဖြစ်ဘူး။ ခုတော့ သူငယ်ချင်းတွနဲ့ ချိန်းပြီး ရယ်စရာတွေပြော၊ ကိုယ့်စိတ်ကြိုက်နေလို့ရပြီပေါ့။
၆။ကိုယ့်ကိုယ်ကိုယ် ရင့်ကျင်လာတယ်ဆိုတာ ပိုသိလာလိမ့်မယ်။
အသည်းတစ်ခါကွဲရင် တစ်ခါရင့်ကျက်သွားတတ်ကြပါတယ်တဲ့။ အချိန်အတော်ကြာ တွဲလာတဲ့ ချစ်သူရည်းစားတွေဟာ ဘာကြောင့်များ အဆင်မပြေဖြစ်လာကြရပါသလဲ။ သူတို့နှစ်ဦးစလုံးဟာ ပိုမိုရင့်ကျက်လာတာကြောင့် ပြောင်းလဲမှုတွေ ရှိလာတာကြောင့်ပါပဲ။ ဒါပေမယ့် အဲ့ဒီအပြောင်းအလဲနဲ့ ရင့်ကျက်မှုကို နှစ်ဦးစလုံး လက်ခံပြီး နားလည်မှုရှိဖို့တော့ လိုအပ်ပါတယ်။
၇။ကိုယ်နဲ့ပိုအဆင်ပြေပြီး စိတ်တူကိုယ်တူဖြစ်မယ့် ချစ်သူကို ရှာဖို့ အခွင့်အရေးရတာပေါ့။
ဒီတစ်ယောက်နဲ့က တွဲသာတွဲနေခဲ့တာ။ ကိုယ်မကြိုက်တဲ့ အချက်တွေ သူ့မှာအများကြီးရယ်။ ကိုယ်နဲ့အဆင်မပြေတာတွေလည်း အများကြီး။ ခုလို ပြတ်သွားတော့ ကိုယ်နဲ့ ပိုအဆင်ပြေမယ့် ချစ်သူ ကိုယ့်ဆီရောက်လာဖို့ အခွင့်အလမ်းပဲလေ။ ဘာလို့ စိတ်ဓာတ်ကျနေမှာလဲ။
၈။ပူပင်သောကတွေနဲ့ စိတ်ဖိစီးမှုကို ဘယ်လိုကိုင်တွယ်သင့်တယ်ဆိုတာတွေ သိလာလိ့မ်မယ်။
ချစ်သူနဲ့ ပြတ်လို့ ထမင်းမစား၊ ဟင်းမစားနေလည်း နောက်ဆုံးတော့ ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေပြန်လုပ်ရမယ်၊ နေ့စဉ်ရုန်းကန်လှုပ်ရှားမှုတွေနဲ့ အသားကျအောင် ပြန်နေထိုင်သွားရမှာပါပဲ။ ဒါ့ကြောင့် အသည်းကွဲပေမယ့်လည်း စိတ်ဖိစီးမှုတွေနဲ့ ခံစားနေရတဲ့ ပူပင်မှုတွေကို ဘယ်လိုကျော်လွှားရမယ်ဆိုတာ သိလာပါလိမ့်မယ်။
၉။ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားနေတတ်လာမယ်။
ခုချိန်မှာ ကိုယ်ကလွဲပြီး ကိုယ်တန်ဖိုးထားရမယ့်သူ မရှိတော့ပါဘူး။ ကိုယ့်အတွက် ပြင်ပြင်ဆင်ဆင်နေရမယ်ဆိုတာလည်း သိလာမယ်။ အရင်က သူ့ကိုလုပ်ပေးခဲ့သမျှအရာအားလုံးဟာ ခု ကိုယ့်အတွက်ချည်းပါပဲ။ ကိုယ့်အတွက် အကောင်းဆုံးဖြစ်အောင်နေမှ နောက်ပိုင်းအနာဂတ်အတွက်လည်း ပိုအဆင်ပြေမယ်ဆိုတာ သိလာလိ့မ်မယ်။
၁၀။ကိုယ့်အားကိုယ်ကိုး တတ်လာမယ်။
အရင်က ဘေးမှာ ချစ်သူပါနေတာကြောင့် သူ့ကို အားကိုးတာမျိုးတွေ ရှိခဲ့ရင်တော့ ခုချိန်ကစပြီး ကိုယ့်အားကိုယ်ကိုးရတော့မယ်ဆိုတာ သိလာရပြီပေါ့။ စားလည်း တစ်ယောက်တည်း၊ သွားလည်းတစ်ယောက်တည်း၊ ကိုယ့်ကိုယ်ကိုယ် အားကိုးပါ။ ကြိုးစားပြီး နေထိုင်တတ်လာပါလိမ့်မယ်
Credit>>>Trend Myanmar
ညမအိပ်စက်မီ လက်ကိုင်ဖုန်းနှင့် tablet သုံးသူများ သတိထား
================================
ညဘက်များတွင် လက်ကိုက်ဖုန်းနှင့် တက်ဘလက် ကွန်ပျူတာ သုံးသူများ အိပ်စက်ခြင်းနှင့် ပတ်သက်၍ အနှောင့်အယှက် ဖြစ်လာနိုင်ပါသည် ။
သင်သည် ညမအိပ်မီ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များ သုံးလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာ အဝေးတွင် ထားရှိပြီး အသုံးပြု သင့်ကြောင်းကို သုတေသီ များကလည်း အကြံပြု ထားပါသည် ။
ညဖက်တွင် အသုံးပြု နေသော အိုင်တီပစ္စည်းများ၏ မျက်နှာပြင်မှ အလင်းတန်းများကြောင့် ဖြစ်ပါတယ်။ မျက်စိ အမြင်အာရုံကို အယ်လ်အီးဒီမီးရောင် ရိုတ်ခတ်သဖြင့် လူကို အိပ်ပျော်စေသည့် မေလာနင် ဟိုမုန်းဓာတ်ကို ပျက်ပြယ် သွားစေပြီး အိပ်ချင်စိတ် ပျောက်သွား တက်ပါသည် ။
လူတစ်ယောက်သည့် အိပ်ချင်စိတ် ပျောက်သွားခဲ့လျှင် မျက်စိကြောင်ခြင်းနှင့် အတူ အိပ်စက်ခြင်း မရတော့ပါ ။ထိုကဲ့သို့ အိပ်စက်ခြင်း ပျောက်လာသည့် ညအချိန်များစွာ ဖြစ်လာခဲ့လျှင် လူ့ကျန်းမာရေးကို ဆိုးရွားစွာ ဖြစ်ပေါ် လာနိုင်ပါသည် ။
အိပ်ရေးပျက်လျှင် ရေရှည်တွင် အဝလွန်ရောဂါနှင့် ဆီးချို ၊ နှလုံး ၊ စိတ်ကျရောဂါများ အစ လူကြီးများတွင် လေဖြတ် ရောဂါအထိ ရရှိနိုင်ပါသည် ။
ဒါကြောင့် သင်သည် မဖြစ်မနေ အိုင်တီပစ္စည်များကို ညပိုင်း အိပ်စက်ခြင်း မပြုမိ အသုံးပြုလေ့ ရှိလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာ အဝေးတွင် ထားရှိပြီး အသုံးပြု သင့်ကြောင့် တင်ပြရင်း အသက်ရာကျော် ရှည်ပါစေ ။
Mg Mandalay