နေ့စဉ်စာဖတ်ကြသူများ


✌☢ လူဟာလူဘဲ

Myo Wai | 4:42 PM |



လူ...ဟာလူဘဲ!
=========


အမြင်မကောင်းတာ
အစောင်းမြင်လို့နော်
အကောင်းဖက်သော်မတွေး
အကောင်းလေးကိုမစဉ်းစား
ှနှလုံးသားကကြမ်းထော်
နည်းပါသနော် မေတ္တာဓါတ်
ရောင်ပြန်ဟတ်မှု အပိုင်းစ
ဟုတ်ကြပါရဲ့နော်။ ။

အော် လူကိုလူလိုမမြင်ကြ
ပကာသနတွေကို တွက်ဆ
မာနတွေကို ဖက်တွယ်
လူ့အသိုင်းဝိုင်း နယ်ပယ်မှာ
မကြွယ်ရှာ ဥစ္စာဓန
ရှားပါးစွ ဂုဏ်ရှိန်ဝါတို့
သိမ်ငယ် လာပါပြီဆိုလျင်
အမြင်ရယ်နော် မကြည်ကြ
အမြင်ကွယ်မကောင်း
အော် စောင်းတတ်ကြပေစွ။ ။
လူဟာ လူပါဘဲနော်
ဝဲဝဲ နူနူ မည်းမည်းဖြူဖြူ
အတူတူတွေ ပါဘဲ
လူကိုလူလိုမြင် ဆက်ဆံလျင်လေ
မြေကမ္ဘာ တစ်ခွင်
အစဉ်သာယာ အေးချမ်းမှာပါလေ။ ။

        Sai Mg Mg Oo

ကိုယ်တိုင်ခံစား ရေးဖွဲ့ထားပါသည်။

Category: ,

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!