သားသမီးကိုချစ်သလားလူညွှန့်တုံးစကားဝေးရှောင်ရှား
သားသမီးကို ချစ်သလား
လူညွန့်တုံးစကား ဝေးရှောင်ရှား
===================
(ဟဲ့ကောင် ငတုံး၊ နင် ဘာတခုမှအသုံးမကျပါလား
ဟဲ့)
မိခင်ဖြစ်သူ၏ ခုနစ်အိမ်ကြား၊ရှစ်အိမ်ကြား အော်လိုက်
သောအသံကြောင့် သားဖြစ်သူမှာ အတော်ရှက်သွားသည်။
မျက်နှာအောက်ချကာ အမေ့နား ခပ်ကုတ်ကုတ် ပြန်
လာသည်။
ဒါက လူတယောက်၏ ဘဝအတွက် ကြီးကျယ်လှသည့်
ဖြစ်ရပ်တခုမဟုတ်သော်လဲ ထိုမကြီးကျယ်ဟုထင်ရသော
ကိစ္စကလေးများသည် ကာလကြာရှည်စွာ တည်တံ့ စွဲမြဲနေ
တတ်ကြပါသည်။
သည်စကားမျိုးသည် ပြောပြီးသည်နှင့် ပျောက်မသွား။
အပြောခံရသူ၏ နားတွင် ပဲ့တင်ထပ်၍ ကျန်ရစ်တတ်သည်။
• ဆရာဖေမြင့် ရေးသားတဲ့ ဦးနှောက် နှင့် နှလုံးသားစာ
အုပ်က စာပိုဒ်ကလေးတခုပါ။
မှန်ပါတယ်။ အချို့သောမိဘများ( အများအားဖြင့်
အမေများ) ဟာ် မိမိတို့သားသမီးများအပေါ် အပြစ်တင်
ဝေဖန်၊ရှုတ်ချတဲ့ စကားတွေကို ( တမင်မရည်ရွယ်ပါပဲ)
နေ့စဉ် ကရားရေလွှတ်သလို တတွတ်တွတ် ရေရွတ်နေ
တတ်ကြပါတယ်။
• * ကျမသားက အိမ်မှာဆိုရင် ထိန်းလို့ကိုမရဘူး။
အရမ်းဆိုးတာ*
* မိဘပြောစကားလဲ လုံးလုံးကို နားထောင်တဲ့ကောင်
မဟုတ်ဘူး။ တနေ့တနေ့ သူ့ကိုပြောရတာမောနေတာပဲ*
အစရှိတဲ့ စကားတွေကို အခြားတစိမ်းအိမ်တွေမှာ
မိမိသားကို နဘေးမှာထားပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောနေ
တတ်ကြတာကို မကြာခဏ တွေ့ရတတ်ပါတယ်။
• ဒီလိုမိဘမျိုးတွေရဲ့ သားသမီးတွေဟာ နောင်အခါမှာ
ငါဘယ်လောက် လိမ္မာအောင်ကြိုးစား၊ကြိုးစား ငါ့မိဘက
ငါ့အပေါ်အကောင်းမမြင်ပါဘူး ဆိုတဲ့အတွေးဝင်လာပြီး
အမှန်တကယ်ဆိုးသွမ်းသွားတာကို တွေ့ရပါတယ်။
• ကျွန်တော်ငယ်စဉ်က မိဘဆင်းရဲတဲ့အပြင် ကျွန်တော့်
ရဲ့ဥာဏ်ရည်ကလည်း သာမာန်ကလေးတဦးလောက်သာရှိပါ
တယ်။ သူများထက်ပိုပြီး ဥာဏ်ကောင်းလှသူ မဟုတ်ပါ။
အလွန်ချမ်းအေးလှတဲ့ ပြင်ဦးလွင်မြို့ မနက်ခင်းမှာ မီး
ဖိုဘေး မီးလှုံနေရင်း ( ကလေးစိတ်ပညာအကြောင်း လုံးဝ
နာမလည်တဲ့ အတန်းပညာလုံးဝမသင်ခဲ့ကြရရှာတဲ့ )ကျွန်
တော့် အဖေနဲ့အမေက ကျွန်တော့်အပေါ် (ကြံဖန်)ချီးကျူး
နေတဲ့စကားကို ( စောင်ခြုံထဲက အိပ်ချင်ယောင်ဆောင်ရင်း)
ကြားလိုက်ရတဲ့အချိန်မှာ စိတ်ထဲမှာ အရမ်းကြည်နူးပြီး ပီတိ
ဖြစ်ခဲ့ရပါတယ်။
နောက်နေ့ ၊နောက်နေ့တွေမှာလည်း အဲဒီလို ချီကျူးတဲ့
စကားကို ပိုလို့၊ပိုလို့ ကြားချင်ဇောနဲ့ စာကိုကြိုးစားခဲ့ရာက
ဆရာဝန်တယောက် ဖြစ်ခဲ့ရတာပါ။
• တခါက မိခင်တဦးက သချာင်္ဘာသာရပ်မှာ ၉၆ မှတ်
ရတဲ့ ကလေးကို အမှတ်ပြည့်မရရကောင်းလား ဆိုပြီး
နင်ပဲငဆ ဆူငေါက်နေတာကိုတွေ့ဘူးပါတယ်။
၉၆ မှတ်ရခဲ့လို့ မိခင်ဆီက ချီးကျူးစကား ကြားရမလား
လို့အကြီးအကျယ်မျှော်လင့်မိတဲ့ ကလေးခမျာ မျက်နှာငယ်လေးနဲ့
မိခင်ရဲ့ဆူ၊ဆဲနေတဲ့စကားကို နာထောင်နေတာမြင်ရတော့
ကျွန်တော်စိတ်မကောင်းပါ။
ကိုယ်ငယ်စဉ်က ကိုယ့်ကလေး ရခဲ့တဲ့အမှတ်မျိုးကော
ရခဲ့ဘူးရဲ့လား မိခင်ဖြစ်သူစဉ်းစားမိဟန်မတူပါ။ သူ့စိတ်ထဲ
မှာ ကိုယ့်သားသမီးကို ပထမရစေချင်တဲ့ လောဘကသာ
လွှမ်းမိုးနေဟန်တူပါတယ်။
၉၆ မှတ်ရတာတောင် ဒီလောက်ဆူညံနေလျှင် တခြား
ကလေးတွေလို ကျများသာကျရင် နေရာတွင်ပင် ရိုက်အသတ်
ခံရမလားလို့ တွေးမိပါတယ်။
• လူဆိုသည်မှာ ကလေး၊လူကြီးမရွေး မိမိကိုအပြစ်တင်ရင်
လုံးဝ မကြိုက်နှစ်သက်ကြပေမယ့် သူတပါးကို အပြစ်တင်
ဖို့တော့ အလွန်လွယ်ကူတတ်ကြပါတယ်။
• မိဘအများစုဟာ မိမိသားသမီးကို ချီးကျူးဖို့ကိစ္စမှာ အလွန်
နှုတ်ဆွံ့တတ်ကြပေမယ့် လွယ်လင့်တကူ အပြစ်တင်စကား
ဆိုတတ်ကြခြင်းမှာ ကြီးစွာသော အမှားကြီးဖြစ်ပါတယ်။
• မိဘရဲ့ ချီးကျူးစကားဟာ သားသမီးအတွက် ပျားသကာ
ထက်ပိုပြီး ချိုမြတတ်သလို...................
မိဘရဲ့ ကဲ့ရဲ့၊ရှုတ်ချသံဟာ သားသမီးရဲ့နားမှာ သံရေပူ
ထက်ပိုမို ပူလောင်တတ်တယ်ဆိုတာကို မိဘများအားလုံး
သိရှိကြဖို့ အလွန်အရေးကြီးလှပါကြောင်း ။
မှီငြမ်း ။ ။ ဦးနှောက် နှင့် နှလုံးသား ခံစားမှုနှင့်
အတွေးစာစု ( ဖေမြင့်
Category: ဘဝအတွက် စာပေများ