သင့်ဖန်တီးမှုစွမ်းရည်ကိုသူတပါးပုံတူမကူးယူနိုင်ပါ
ငှက်တစ်ကောင် က ပျားတစ်ကောင် ကို မေးသည်။
'ခင် ဗျား ပင်ပင်ပန်းပန်း ကြိုးစားပမ်းစား
လုပ်ထားတဲ့ ပျားရည်တွေကို လူတွေယူသွားကြ တော့ ခင် ဗျား ဝမ်းမနည်း
ဘူးလား?'
ထိုအခါ ပျားကပြန်ပြောသည်။
'လူတွေလုပ်တတ်တာ ကျွန်တော့်ပျားရည်တွေကို ခိုးတတ်တာပဲရှိတာပါ။
ဒါပေမယ့် ကျွန်တော့်ရဲ့ ပျားရည်လုပ်နည်းကိုတော့ ခိုးလို့မရပါဘူး'
…………
လူ့လောကမှာ သင့်ရဲ့ ဖန်တီးမှုကို ဘယ်သူမဆို ပုံတူကူးလို့ ရ ကောင်း ရ ပါ လိမ့် မည်။
ဒါပေမယ့် သင့်ရဲ့ ဖန်တီးမှုစွမ်းရည်ကိုတော့
မယူနိုင်ကြပါဘူး။
Credit-Min Chit Thu Timeline
Category: ဘဝအတွက် စာပေများ