နေ့စဉ်စာဖတ်ကြသူများ


မိန်းကလေးတွေစိတ်ကောက်မယ်ဆိုရင်

Myo Wai | 5:50 PM |



မိန်းကလေးတွေ စိတ်ကောက်မယ်ဆိုရင်
*************************************

1 - ကောက်စရာမရှိတာကို ကောက်ပါ

ဘာကောက်မှန်းမသိလို့ ကောက်တယ်လို့ပြောပါ
နည်းနည်းရစ်တယ် ထင်ရပေမယ့် ချစ်သူကအလိုက်တသိချော့ပါလိမ့်မယ်

*****

2 - ချက်ချင်းဖုန်းမကိုင်ရင် ကောက်ပါ

ဖုန်းကို ချက်ချင်းကိုင်ဖို့အခြေအနေမပေးတဲ့အခါမျိုးတွေရှိပါတယ်
အာ့တာလေးကို ကောက်ပါ

*****

3 - အရမ်းချစ်တယ်မပြောလို့ကောက်ပါ

ချစ်တယ်လို့ ပြောရင်
ရိုးရိုးတော့ချစ်တယ် အရမ်းမချစ်ဘူးပေါ့လို့ ပြောကောက်ပါ
ချစ်ဖို့ကောင်းတဲ့အပြုအမှုလေးပါ

*****

4 - ကိုယ်ဘာစဉ်းစားနေသလဲ သူ့ကိုခန့်မှန်းခိုင်းပါ

သူပြောတာလွဲရင် ကောက်ပါ
ကိုယ်နဲ့အတွေးမတူတာဟာ ကိုယ့်ကိုအရမ်းမချစ်သေးလို့လို့ပြောကောက်ပါ

*****

5 - ဘာလုပ်နေလဲမေးပါ

တခုခုလုပ်နေတယ် ပြန်ဖြေရင်
ချစ်ကို လွမ်းနေတယ်လို့ ဘာလို့မဖြေလည်းဆိုပြီးကောက်ပါ

*****

6 - ဖုန်းနံပါတ်ကို အလွတ်ရွတ်ပြခိုင်းပါ

ခုခေတ်က ဖုန်းနံပါတ်အလွတ်မှတ်တာ ရှားပါတယ်
မသိရင်ကောက်ပါ

*****

7 - အင်တာနက်လိုင်းကျရင် ကောက်ပါ

မြန်မာပြည်အင်တာနက်က အဲဗားကျနေတာပါ
နေ့တိုင်းကောက်လို့ရနိုင်တဲ့ နည်းပါပဲ

*****

8 - ရှာကြံကောက်ပါ

ချိန်းတွေ့လို့ တခုခုစိတ်မထင်တာနဲ့ ကောက်ပါ
လက်မတွဲရင် ကောက်ပါ
မရှိရှိတာရှာကြံကောက်ပါ

*****

9 - ဒါမျိုးကောက်နည်းလေးတွေတော့ ရှောင်ပါ

စွတ်စွဲပြီးမကောက်ပါနဲ့
ချစ်သူ စိတ်ရှုပ်နေချိန်မကောက်ပါနဲ့
သူ့အားနည်းချက်ကို ပြောပြီးမကောက်ပါနဲ့
ရည်းစားဟောင်းတွေနဲ့ အူတိုပြီးမကောက်ပါနဲ့
သူငယ်ချင်းတွေနဲ့ သမုတ်ပြီးမကောက်ပါနဲ့
ဒီနည်းတွေဟာ အန္တရာယ်များပါတယ်

[ စိတ်ကောက်နည်းတွေက အများကြီးပါ
ဒါတွေက ဥပမာအနေနဲ့ ပြောတာပါ ]

*****

နိဂုံး
****

ဘယ်လိုစိတ်ကောက်ရမှန်းမသိတဲ့ မိန်းကလေးတွေအတွက်ပါ ။
စိတ်ကောက်တယ်ဆိုတာ မိန်းကလေးတွေရဲ့လက်နက်တမျိုးပါ
စိတ်မကောက်တတ်တဲ့မိန်းကလေးဟာ
မိမိအရည်အချင်းကို ထုတ်မသုံးတတ်တဲ့လူတစ်ယောက်လိုပါပဲ ။

တကယ်တော့ စိတ်ကောက်တာ မလွယ်ပါဘူး
ပြန်ချော့လောက်တဲ့အနေအထားလောက်ပဲ ကောက်ရပါတယ်
ချစ်စရာအပြုအမှုလေးဖြစ်အောင်ကောက်ရပါတယ်
ကိုယ့်ကို သူချစ်သလောက်အတိုင်းအတာတခုထိပဲ ကောက်ရတာပါ

စိတ်ကောက်တယ်ဆိုတာ
ချစ်သူ့ရိုးရာတမျိုးပါ
စိတ်ကောက်သူကော စိတ်ကောက်ခံရသူကော
ဟာမိုနီကျရင် အရမ်းကြည်နူးပျော်ရွှင်ဖို့ကောင်းပါတယ် ။

ချစ်သူတိုင်း
စိတ်ကောက်ပြန်ချော့ရင်း အချစ်နှောင်ကြိုးတွေ မြဲပါစေ ..

credit>>original writer

Category: ,

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!