ကျောက်ကပ်ကျန်းမာစေမယ့်ဖျော်ရည် လုပ်သောက်ကြည့်ချင်တယ်ဆိုရင်
ကျောက်ကပ် ကျန်းမာစေမယ့် ဖျော်ရည် လုပ်သောက်ကြည့်ချင်တယ်ဆိုရင်
================================
ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်ရှိ အရေးကြီးဆုံး အင်္ဂါရပ်များထဲက တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲ ရောက်လာတဲ့ အန္တရာယ်ဖြစ်စေတဲ့ အရာတွေ ဖယ်ထုတ် သန့်ရှင်းစေဖို့အတွက် နေ့တိုင်း သွေး ၂၀၀ လီတာကျော် စစ်ထုတ်ပေးနေရပါတယ်။
တကယ်တော့ ကျောက်ကပ်ဟာ အညစ်အကြေး ၂ လီတာ ဝန်းကျင်နဲ့ ကျင်ရည်ကနေတဆင့် မလိုအပ်တဲ့ အရည်တွေကို ရှင်းထုတ်ပေးနေတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်စုဖြစ်ပါတယ်။
အဆိပ်အတောက်များတဲ့ အရာတွေက ကျောက်ကပ်၊ ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်ရောဂါတွေ ဖြစ်စေနိုင်တယ်။ ကျောက်ကပ်ရဲ့ အဆိုးဆုံး ရန်သူက- ဆား၊ ဂျီအမ်အို၊ သဘာဝမဟုတ်တဲ့ ဆေးသကြားတွေ၊ ကာဗွန်ဒိုင်အောက်ဆိုက် ထည့်ထားတဲ့ အချိုရည်၊ ကဖိန်းနဲ့ ဆေးလိပ်တို့ဖြစ်ပါတယ်။
ကျောက်ကပ်ရဲ့စက္ခုအာရုံ ကျန်းမာစေဖို့ရန်အတွက် ရေများများသောက်ဖို့ အကြံပြုထားပါတယ်။ နောက်ပြီး ဖော်ပြထားတဲ့ ဖျော်ရည်သောက်မယ်ဆိုရင်လည်း အလွန်ထိရောက်ပြီး အကျိုးသက်ရောက်မှုရှိပါတယ်။
လိုအပ်သည့် ပစ္စည်းများ
သံပုယို သို့မဟုတ် သံပုယို တစ်ခြမ်း
အခွံခွာပြီးသား ကီဝီသီး (၁) လုံး
သစ်ကြားသီးရည် ခွက်တစ်ပိုင်း
ငှက်ပျောသီး (၁) လုံး
လတ်ဆတ်သော တရုတ်နံနံပင် တစ်ခက်
ရေ (၁) ခွက်
ပြင်ဆင်ပုံပြင်ဆင်နည်း
သံပုရာ/သံပုယိုသီးကို အရည်ညစ်ယူပြီး အခြားပစ္စည်းအားလုံးနဲ့ အတူ ကြိတ်စက် တစ်ခုထဲ ထည့်ပါ။ တစ်သားတည်းဖြစ်တဲ့အထိ ကောင်းစွာ ရောသမမွှေပေးပါ။
အဲဒီ အချိုရည်ကို မနက်စာ မစားမိ သောက်ပေးပါ။
ပေါ်ထွန်း - Trend Myanmar
Category: ကျန်းမာရေး