နေ့စဉ်စာဖတ်ကြသူများ


သတိဆိုတဲ့ နေအိမ်

Myo Wai | 4:46 PM |




သတိဆိုတဲ့နေအိမ်
===============================
တရားအသိတွေများလာတဲ့အခါ

ဘဝကို အေးအေးချမ်းချမ်းလေးပဲဖြတ်သန်းနေချင်လာတယ်။

အမှား နည်းအောင်ကြိုးစားတယ်

ပစ္စုပ္ပာန်မှာ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေအောင်နေတတ်တယ်

သတိဆိုတဲ့နေအိမ်ဟာ

အမိုးအကာလုံတဲ့ အိမ်ကြီးနှင့်တူပါတယ်

အမိုးအကာလုံတဲ့အိမ်ကြီးဟာ ဘေးအန္တရယ်ဝင်မလာနိုင် သလို

သတိရှိတဲ့သူရဲ့သန္တာန်မှာလည်း ကိလေသာအညစ်အညေးတွေ

ဝင်မလာနိုင်တော့ပါဘူး။

သတိရှိတဲ့သူဟာ

တစ်ယောက်ထဲလည်း နေရဲတယ်

သတိရှိတဲ့သူဟာ

တစ်ယောက်ထဲနေတတ်အောင်လည်းကြိုးစားသလို

သေတတ်အောင်လည်း ပြင်ဆင်ထားတယ်။

သတိနှလုံးသွင်းထားရင် အနေလည်းတတ်ပါတယ်

အသေလည်း မြတ်ပါတယ်။

အရှင် စန္ဒာဝရ(တောင် တွင်း

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!