နေ့စဉ်စာဖတ်ကြသူများ


ဖူးစာ

Myo Wai | 5:04 PM |



ဖူးစာ
•°•°•

'ဟယ် ----- ဓာတ်ပုံလေး တစ်ပုံပါလား'

ဓာတ်ပုံလေးကို ကောက်ယူလိုက်ပြီး ဖြူလေး အိမ်ပြန်လာခဲ့သည်။ ဒီပန်းခြံလေးက ဖြူလေးတို့အိမ်နဲ့ နီးနီးလေးမို့ ညနေတိုင်း ပန်းခြံထဲက ကစားကွင်းမှာ လာကစားဖြစ်ပါသည်။

အင်းးးးး
ဓာတ်ပုံထဲကကောင်လေးက ဘယ်သူပါလိမ့် ?
ကစားကွင်းလာရင်း ကျခဲ့တာထင်တယ် ---
ဖြူလေးထက်တော့ အသက်ကြီးပုံပဲ။ ဖြူလေးက ၁၂ နှစ် -- ဒီကောင်လေးကရော ?

ဓာတ်ပုံလေးကို ပိုက်ဆံအိတ်ထဲ ထည့်ထားလိုက်သည်။

÷÷÷÷÷
÷÷÷÷÷
÷÷÷÷÷

"မောင်ပြည့်သူ + မဖြူစင်ထွန်း"
မင်္ဂလာဧည့်ခံပွဲ

ဒီနေ့ ဖြူလေးရဲ့ မင်္ဂလာပွဲနေ့ပါ။ မေမေတို့ သဘောတူတဲ့ ကိုပြည့်သူကို ဖြူလေးလည်း ဘုမသိ ဘမသိ သဘောတူခဲ့ပါသည်။ အိမ်မှာ ကလေးလိုနေတဲ့ ဖြူလေးက ဒီလို ရှုတ်ထွေးလွန်းတဲ့ လက်ထပ်ခြင်းကိစ္စကို နားမလည်ပါ။ မေမေတို့က သင့်တော်တယ်ဆိုတော့လည်း သင့်တော်လိုက်ရတာပါ။ ကိုပြည့်သူက ဆိုးတော့မဆိုးပါဘူး။ ဒါပေမယ့် သူက လူကြီးဆန်တယ်။ ဖြူလေးလိုတော့ ကလေးမဆန်ဘူး။ မေမေတို့လည်း အဲ့ဒါကြောင့် သဘောတူတာ ဖြစ်မှာပေါ့ ---
မိဘစကား နားထောင်တာပဲလေ ---------------------------------
-----------------
---------------------

'ဖြူလေး အကြွေရှိလားကွ ။ အကို ကားခ အကြွေ လိုချင်လို့ --- ကိုယ့်မှာ ၅ ထောင်တန်ဖြစ်နေလို့'

'ရှိတယ်လေ ကိုပြည့်သူ --- ဖြူလေး ပိုက်ဆံအိတ်ထဲမှာ ကြည့်လိုက်'

******
******

'ဖြူလေး ဒီကောင်လေးက ----?'

'အော် အဲ့ဒါလားးးး
ဟီးးးးးး ဖြူလေးရဲ့ first love လေ'

'အကို ဒီပုံလေး ပျောက်သွားတာ လွန်ခဲ့တဲ့ ၉ နှစ်လောက်ကတည်းကပေါ့'

'ရှင် ---------- '

အေးမို့

Category: ,

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!