နေ့စဉ်စာဖတ်ကြသူများ


ဖေ့ဘွတ်ပေါ်မှာသင်မနာလိုအဖြစ်ဆုံးသူဟာဘယ်သူများလဲ

Myo Wai | 4:08 PM |



ဖေ့စ်ဘွတ်ခ်ပေါ်မှာ သင်မနာလို အဖြစ်ဆုံးသူဟာ ဘယ်သူများလဲ
==============================
သင်နေ့စဉ်နေ့တိုင်း မသုံးရ မနေနိုင်ဖြစ်နေတဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်မှာ သင်မနာလိုအဖြစ်ဆုံးသူဟာ ဘယ်သူများလဲလို့ မေးလိုက်တဲ့အခါ သင့်စိတ်ထဲ သင့်နောက်ကျောကို ဓားနဲ့ထိုးသွားတဲ့ သူငယ်ချင်းဟောင်း၊ ဒါမှမဟုတ် အားတိုင်း ရှော့ပင်းစင်တာတွေမှာ ဈေးဝယ်ထွက်နေတဲ့ မိန်းမကြီးတစ်ယောက်၊ ဒါမှမဟုတ် သင့်ကိုထားသွားတဲ့ သင့်ရည်းစားဟောင်း၊ ဒါမှမဟုတ် သူ့ရဲ့နောက်ရည်းစားအသစ် စတာတွေ သင်တွေးမိသွားနိုင်ပါတယ်။ ဒီလူတွေက သင်မနာလိုအဖြစ်ဆုံး ဖေ့စ်ဘွတ်ခ်ပေါ်က လူတွေလား။

တကယ်တော့ သင့်ရဲ့အဆိုးဆုံးရန်သူက သင်ကိုယ်တိုင်လို့ ဆိုရလောက်အောင်ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကိုယ့်ဒုက္ခကိုယ်ရှာနေသူဟာလည်း သင်ကိုယ်တိုင်ပါပဲတဲ့။ News Feed မှာတက်လာသမျှ အားလုံးနဲ့ သင့်ကိုယ်သင် နှိုင်းယှဉ်နေမိတယ် မဟုတ်လား။ တစ်ခါတစ်လေ မင်းသမီး မင်းသားတွေနဲ့တောင် မချန်ဘူးလေ။

လေ့လာတွေ့ရှိချက်တွေအရတော့ အမျိုးသမီးတွေဟာ တစ်နေ့ကိုအနည်းဆုံး ၂နာရီနီးပါး ဖေ့စ်ဘွတ်ခ်ပေါ်မှာ အချိန်ကုန်ဆုံးကြပြီး အဲ့ဒီအထဲက ၄၀ရာခိုင်နှုန်းဟာ ဖေ့စ်ဘွတ်ခ်အပြင် အခြား instagram တို့ what'sup တို့ စတဲ့အရာတွေနဲ့ အချိန်ထပ်ကုန်ကြပြန်ရော။ အဲ့ဒီ ဖေ့စ်ဘွတ်ခ်သုံးတဲ့ အမျိုးသမီး အများစုဟာ သူတို့ကိုယ်သူတို့ ဖေ့စ်ဘွတ်ခ်မှာ မြင်ရတဲ့ အခြားသူတွေနဲ့ နှိုင်းယှဉ်လေ့ရှိတယ်လို့ သိရပါတယ်။

တစ်ခါတစ်လေ တကယ်ဖြစ်မလာသေးတာ၊ နောက်ဆယ်နှစ်လောက်မှ ဖြစ်လာမယ့်အရာတွေအတွက်လည်း ကြိုပြီစိတ်ပင်ပန်းနေကြပြန်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဖေ့စ်ဘွတ်ခ်သုံးခြင်းအားဖြင့် ကိုယ့်ကိုယ်ကို မကျေနပ်တာတွေ၊ မရောင့်ရဲနိုင်တာတွေ၊ စိတ်တိုတာ၊ စိတ်အလိုမကျတာ၊ မနာလိုဖြစ်တာတွေ များလာပြီး ဒါဟာ ဘ၀မဟုတ်ဘူးဆိုတာတောင် မေ့လာကြပါတယ်။

အရင်တုန်းက တင်ထားဖူးတဲ့ ဓာတ်ပုံတွေနဲ့ ခုကိုယ့်ပုံတွေကို ယှဉ်ပြီး ငယ်သွားတဲ့သူက ဂုဏ်ယူလာကြတယ်။ ပိုအသက်ကြီးတဲ့ပုံ ပေါက်သွားတဲ့သူတွေက စိတ်အလိုမကျဖြစ်လာတယ်။ ရင့်လာတာကို တစ်ခြားလူတွေနဲ့ယှဉ်ပြီး မကျေမနပ်ဖြစ်လာကြတယ်။ တစ်ခါတစ်လေ ကိုယ့်ထက် အသက် ၁၀နှစ်လောက် ငယ်တဲ့လူတွေနဲ့တောင် ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်လာကြတယ်လို့ လေ့လာတွေ့ရှိချက်တွေက ဆိုပါတယ်။

တခြားသူတွေနဲ့ နှိုင်းယှဉ်တဲ့ကိစ္စပြီးရင် လွန်ခဲ့တဲ့ ဘယ်နှစ်နှစ်တုန်းက ပုံထဲမှာ ငါဘယ်လို၊ ဖက်ရှင်မကျဘူး၊ မလှသေးဘူး စသဖြင့် ကိုယ့်ဘာသာကိုယ် ပြန်နှိုင်းယှဉ်ကာ စိတ်တိုကြပြန်ရော။ အဲ့ဒီလို မဟုတ်လည်း အရင်တုန်းက ဘယ်လိုနုတာ၊ ခုဘယ်လိုဆိုတဲ့ နှိုင်းယှဉ်ချက်တွေဟာ သင့်စိတ်အခြေအနေကို ဆိုးရွားစေပါလိမ့်မယ်။

ဒါ့ကြောင့် ဖေ့စ်ဘွတ်ခ်သုံးတဲ့အခါ သင့်အတွက် အန္တရာယ်အရှိဆုံးလူဟာ သင်ကိုယ်တိုင်ဖြစ်သလို သင်မနာလို ဖြစ်တတ်ဆုံး လူဟာလည်း သင်ကိုယ်တိုင်ပါပဲတဲ့

Credit>>Trend Myanmar

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!