နျှော်လင့်ခြင်းအပူ
မျှော်လင့်ခြင်း (အပူ) ကို ဝေးဝေးမှာထားပါ
•••••••••••••••••••••••••••••••••••••••••
သုသု ဆိုတဲ့ ကောင်မလေးတစ်ယောက် ~~~ ချမ်းသာပြည့်စုံခြင်းလည်းမရှိ။
ချောမောလှပခြင်းလည်းမရှိ။
ဂုဏ်ဒြပ်ပကာသနတွေလည်းမရှိ။
လက်လုပ်လက်စား သာမန် လူသား တစ်ယောက်ပါပဲ။
ဒါပေမယ့် အမြဲတမ်း ပြုံးနေတတ်တယ်။
အလုပ်မှာလည်း လူတိုင်းကို စလိုက် နောက်လိုက်နဲ့ ပျော်ပျော်နေတတ်တယ်။
သူ့ကိုဘာပြောပြော့ စိတ်လည်းမဆိုးတတ်ဘူး။ သူ့ကို မနာလိုတဲ့သူတွေကိုတောင် ချိုချိုသာသာပဲ ပြောဆိုဆက်ဆံနိုင်တဲ့သူတစ်ယောက်ပါ။
သူ့မှာ အရမ်းချစ်တဲ့ကောင်လေးတစ်ယောက်လည်း ရှိပါတယ်။ သူနဲ့မလိုက်ဖက်ဘူးလို့ လူတိုင်းပြောနေသံတွေက နားနဲ့မဆံ့အောင်ပါ။ သုသုကတော့ ပြုံးပြုံးပဲ။ ကောင်လေးက ချမ်းသာတယ်။ အရာရှိတစ်ယောက်။ အသိုင်းအဝိုင်းကြီးတယ်။ ချောမောခန့်ညားလွန်းသူပါ။
တနေ့ သုသု အလုပ်ကအပြန် သူ့ကောင်လေးကို တခြားကောင်မလေးနဲ့ လက်ချင်းတွဲလျက် မြင်လိုက်တယ်။ တွဲနေတဲ့ကောင်မလေးက သုသု အလုပ်က ကောင်မလေး။ သုသုကို မနာလိုသူတစ်ယောက်ပေါ့။
သုသု ပြုံးပြလိုက်တယ်။ သာသာယာယာပဲ နှုတ်ဆက်လိုက်တယ်။ သူခိုးလူမိသွားတဲ့သူနှစ်ယောက်ကတော့ မျက်စိပျက် မျက်နှာပျက်လို့ပါ။ သုသုကတော့ အေးအေးဆေးဆေးပဲ။ သူ့ထုံးစံအတိုင်း ခပ်ပြုံးပြုံးနဲ့ စနောက်လိုက်ပါသေးတယ်။ နှုတ်ဆက်ပြီး သူ့လမ်းသူ အေးအေးလူလူ ဆက်သွားလေရဲ့။ အပြုံးမပျက်။ ငြိမ်းချမ်းသည့်အပြုံး။
÷÷÷÷÷÷÷÷÷®®®®®®®®÷÷÷÷÷÷÷÷÷÷
ု
သူ ဘာလို့ ဒီလိုနေနိုင်တာပါလိမ့် ???
သူပြောတာက -------
"မျှော်လင့်ချက်တွေ မထားတတ်လို့ပါ" တဲ့။
"မျှော်လင့်ခြင်းတွေမှာ နာကျင်ခြင်းတွေ ကပ်ပါလာတတ်တယ်။ စိတ်ကို လွတ်လပ်စွာထားခြင်းက ငြိမ်းချမ်းခြင်းအစစ်ပါ" တဲ့။
ဟုတ်ပါတယ်။
တည်မြဲတာဆိုလို့ မတည်မြဲခြင်းပဲရှိတဲ့ ဒီလောကကြီးမှာ လိုတာထက်ပိုပြီး မျှော်လင့်လို့မရနိုင်ပါ။ မျှော်လင့်သလိုဖြစ်မလာရင် နာကျင်ခံစားရမှာ မိမိကိုယ်တိုင်ပါ။
သုသုကတော့ နာကျင်ခြင်းတွေကပ်ပါလာနိုင်မယ့် မျှော်လင့်ခြင်းကို အဝေးမှာပဲ ခပ်ခွာခွာထားခဲ့တယ်။ သူ့ကောင်လေးအပေါ် မျှော်လင့်ချက်သာ ထားခဲ့မိမယ်ဆိုရင် သူမမြင်နိုင်တဲ့ သူလိုက်မမီတဲ့ ရွှေ့ကွက်တွေကြားမှာ အပူမီးတွေနဲ့ လောင်မြိုက်နေပြီပေါ့။ ခုတော့ ~~~~ အေးဆေးပေါ့။
အပူတွေ ကပ်ပါလာနိုင်မယ့် မျှော်လင့်ခြင်းတွေကို အဝေးမှာ ထားခဲ့ပါ။
အေးမို့
Category: သုတ/ရသ/ဗဟုသုတ