နေ့စဉ်စာဖတ်ကြသူများ


လူမှုကွန်ရက်ကြောင့်လူသိများလာတဲ့လေယာဉ်မောင်းသင်တန်းတစ်ဦးမေပြည့်စုံအောင်

Myo Wai | 4:48 PM |


လူမှုကွန်ရက်ကြောင့် လေယာဉ်မောင်းသင်တန်းသူတစ်ဦးကို အချိန်တိုအတွင်း လူသိများလာ
=====================================
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော လေယာဉ်မောင်းလေ့ကျင့်နေစဉ် Selfie ရိုက်ထားသည့်ဓာတ်ပုံများကြောင့်အသက် (၁၉)နှစ်အရွယ် လေ ယာဉ်မောင်း သင်တန်းသူ မေပြည့်စုံအောင်ကို ရက်အနည်းငယ်အတွင်း လူသိများလာသည်။
ပုသိမ်မြို့တွင်ဖွင့်လှစ်ထား သော Myanmar Aviation Academy လေယာဉ်မောင်းသင်တန်း၌ Cadet Pilot အဖြစ် ပညာသင်ကြားနေသူဖြစ်သည့် မေပြည့်စုံအောင်၏ လေယာဉ်ကွင်းပေါ်မှ ဓာတ်ပုံများ၊ အလှရိုက်ကူးထားသော ဓာတ်ပုံများမှာ ကြိုက်နှစ်သက်၍ ပြန်လည်မျှဝေသူများမှတစ်ဆင့် ပျံ့နှံ့လာပြီး နောက် လူသိများလာခြင်းဖြစ်သည်။

အမြင့်ပေ သုံးထောင်ကျော်တွင် လေယာဉ်ပျံသန်းစဉ် ကိုယ်တိုင်ရိုက်ထားသော (Selfie)ဓာတ်ပုံကြောင့် ချီးကျူးခံခဲ့ရသကဲ့သို့ ဝေဖန်မှုများလည်းရရှိခဲ့သည်ဟု မေပြည့်စုံအောင်က ဆိုသည်။
‘‘ဓာတ်ပုံကိုကြည့်ပြီးကောင်းတာပြောကြသလို ဝေဖန်တာလည်းပြန်ကြားရပါတယ်။ ညီမကတော့ အားလုံးကို စိတ်မဆိုးပါဘူး’’ဟု ၎င်းက ဆိုသည်။
လွန်ခဲ့သော ရက်အနည်းငယ်အထိ သာမန်ကောင်မလေးတစ်ယောက်ဖြစ်ခဲ့သော မေပြည့်စုံအောင်မှာ ယခုတော့ ၎င်းတင်လိုက်သည့်ပုံ (သို့မဟုတ်) စာစုများကို Like လုပ်သူပေါင်း ခြောက်သောင်းကျော်သည်အထိရှိနေပြီး ၎င်းနာမည်နှင့် စာမျက်နှာပေါင်းလေးခုထက်မနည်း ပေါ်လာကာ ယင်းစာမျက်နှာများမှာကိုယ်တိုင်ဖွင့်ထားသော စာမျက်နှာများမဟုတ်ကြောင်း ပြောကြားသည်။
လေယာဉ်မောင်းနှင်စဉ် ကိုယ်တိုင်ဓာတ်ပုံရိုက်ခဲ့သည့် အကြောင်းကိုလည်း မေပြည့်စုံအောင်က ရှင်းပြသည်။
‘‘အဲဒီဓာတ်ပုံက လေယာဉ် အတက်အဆင်းလုပ်နေတဲ့အချိန် မဟုတ်ပါဘူး။ ဆရာနဲ့ လေယာဉ် မောင်းကျင့်နေတဲ့ အချိန်ပါ။ Sefile တွေကတော့နှစ်ယောက် မောင်းသင် လေ့ကျင့်နေတုန်း ကျန်တဲ့တစ်ယောက်ကို Control ပေးပြီးရိုက်တာပါ။ Air Lines မှာ ရောက်နေတဲ့ Senior Pilot မမ တွေကိုလည်း အရမ်းအားကျတယ်’’
လက်ရှိတွင် ပုသိမ်မြို့၌ပင် နေထိုင်ကာ သင်တန်းတက်နေဆဲ ဖြစ်သဖြင့် ယခုကဲ့သို့ လူသိများလာသော်လည်း သွားလာနေထိုင်မှုတွင်တော့ အနှောင့်အယှက် မဖြစ်ကြောင်း ဆက်သွယ်မေးမြန်း သည်ကို ဖြေကြားသည်။
၎င်း၏ ဓာတ်ပုံများကို လူမှု ကွန်ရက်များတွင် ဖြန့်ဝေနေကြ သည်ကိုလည်း ချစ်ခင်သည့် အတွက်သာ ပြုလုပ်ခြင်းဖြစ်သည် ဟုမှတ်ယူကာ ပျော်ရွှင်ရပါသည်ဟု 7Day Daily ၏ ဆက်သွယ်မေးမြန်းမှုအား ဖြေကြားခဲ့သည်။
မေပြည့်စုံအောင်သည် ၂၀၁၁ တွင် အထက(၁) ဒဂုံမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ ပြီး ယခုနှစ်ကုန်တွင် ပြီးစီးမည့် လေယာဉ်မောင်းသင်တန်းပြီးပါ က National Management co-llege သို့ ဆက်လက်တက်ရောက်မည်ဖြစ်သည်။
မေပြည့်စုံအောင်က ၎င်း၏ စိတ်ကူးအိပ်မက်မှာ လေယာဉ်မှူးကောင်းတစ်ဦးဖြစ်လာရေးဖြစ်ကြောင်း ဝေမျှခဲ့သည်

Credit >>>7 Day

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!