နေ့စဉ်စာဖတ်ကြသူများ


လက်ရှိတွဲနေတဲ့ချစ်သူကိုလမ်းခွဲစကားပြောမယ်ဆိုရင်

Myo Wai | 4:28 PM |



စိတ်သဘောထားချင်း မတိုက်ဆိုင်တာကြောင့် လက်ရှိတွဲနေတဲ့ချစ်သူကို လမ်းခွဲစကား ပြောတော့မယ်ဆိုရင်
==============================
သင်အခုလက်ရှိတွဲနေတဲ့ ချစ်သူရည်းစားကို လမ်းခွဲစကားပြောရတော့မယ်ဆို၇င်တစ်ဖက်လူကို လေးလေးစားစားနဲ့ ကောင်းကောင်းမွန်မွန်လေး ပြောဆိုပြီး လမ်းခွဲတာ အကောင်းဆုံးပါ။ ဖုန်းကနေ မတ်ဆေ့ခ်ျလေးပို့ပြီး လမ်းခွဲကြရအောင် ဆိုတာမျိုးထက် သူနဲ့မျက်နှာချင်းဆိုင်တွေ့ပြီး ပြောလိုက်တာကတော့ အကောင်းဆုံးပါပဲ။ ဒီတော့ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာလေး တစ်ချက်ပြောပြပေးချင်ပါတယ်။

သင့်ချစ်သူကို ဒီအကြောင်းနည်းနည်းပေးသိထားလိုက်ပါ။
သင်ဟာ ဒီအချစ်ရေးကို စိတ်ကုန်နေတယ်ဆိုတာမျိုး သင့်ချစ်သူသိအောင် ပြောထားတာမျိုးလေးတွေ လုပ်ပါ။ ဒီလိုသာ ဆက်သွားရင် စိတ်ပျက်စရာ စိတ်ကုန်စရာကောင်းတဲ့ အနာဂတ်ကိုသာ ပိုင်ဆိုင်လိမ့်မယ်ဆိုတာမျိုးပေါ့။ ဖြစ်နိုင်ရင် သင့်ချစ်သူကို ဈေးကြီးတဲ့ လက်ဆောင်ပစ္စည်းတစ်ခုခု ဝယ်ပေးလိုက်ပါ။ ပြီးရင်သူ့ကို စွန့်ခွာဖို့ ကြိုးစားပါတော့။

လမ်းခွဲဖို့အကြောင်းကို ပထမဆုံးသိရသူဟာ သင့်ချစ်သူသာ ဖြစ်ပါစေ။
သင် လမ်းခွဲဖို့စိတ်ကူးနေကြောင်း၊ စီစဉ်နေကြောင်းကို ပထမဆုံးသိရသူဟာ သင့်ချစ်သူသာ ဖြစ်သင့်ပါတယ်။ သူမသိသေးပဲ ကြားသူငယ်ချင်းတစ်ယောက်ယောက်က တစ်ဆင့် သူပြန်သိသွားတာမျိုးဟာ သူ့ကို မလေးစားဘူးဆိုတာ ပြလိုက်သလိုပါပဲ။ ဒီလို မဖြစ်ပါစေနဲ့။

လမ်းခွဲဖို့အကြောင်းကို လူကိုယ်တိုင်တွေ့ပြီး ပြောပါ။
ဘာ့ကြောင့် လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ရတယ်ဆိုတဲ့အကြောင်း တစ်ဖက်လူသိအောင် လေးလေးစားစား ပြောပြပါ။ သူ့ဘက်က မေးနိုင်တဲ့ မေးခွန်းတွေကို ကြိုစဉ်းစားသွားပါ။ သူမေးသမျှ ကိုယ့်ဘက်က ဖြေနိုင်အောင် ကြိုးစားပါ။ လွယ်လင့်တကူ မတ်ဆေ့ခ်ျလေးပို့၊ အီးမေးလ်လေး ပို့ပြီးတော့ လမ်းခွဲစကားပြောတာမျိုး မလုပ်ပါနဲ့။ သူ့ဘက်ကိုလည်း ဘယ်လို ထည့်စဉ်းစားထားတယ် ဆိုတာမျိုးပြောပါ။ ဒီအတိုင်း ဆက်သွားရင် နှစ်ဦးစလုံးအတွက် မကောင်းဘူးဆိုတာကို သေချာပြောပြပါ။

လမ်းခွဲစကားပြောတဲ့ အချိန်ဟာ နှစ်ဦးစလုံးအတွက် မှန်ကန်တဲ့အချိန်ဖြစ်ပါစေ။
ကိုယ့်ချစ်သူကို လမ်းခွဲတော့မယ်ဆိုရင် ခရစ်စမတ်လိုပွဲတော် မတိုင်ခင် လမ်းခွဲမယ်ဆိုရင် ဒါဟာ သူ့ကို လက်ဆောင်ဝယ်မပေးချင်လို့လားဆိုတာမျိုး အတွေးရောက်သွားစေပါလိမ့်မယ်။ ဒါမှမဟုတ် ကိုယ့်ချစ်သူရဲ့ မိသားစုဝင်တစ်ယောက်က နေမကောင်းအသည်းအသန် ဖြစ်နေတဲ့အချိန်၊ ဒါမှမဟုတ် ပြသနာတစ်ခုခုကို အကြီးအကျယ် ဖြေရှင်းနေရချိန် စတဲ့အချိန်တွေကို ထည့်တွက်ဖို့ လိုပါတယ်

Trend Myanmar

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!