ခေါင်တိုင်
" ခေါင်တိုင် "
======
' အမေ , သားကျောင်းထွက်တော့မယ် '
ပြင်းထန်တယ့် လက်ဝါးတချက်
ကျွန်တော့်ပါးပြင်ပေါ် ... ရှိန်း ခ နဲ ပဲ , , ,
အမေရယ် ,
ပန်းတိုင်းကတော့ အလှဆုံး ပွင့်ချင်ကြတာပေါ့ ,
မပွင့်ခင် ပိုးကိုက်ခံရတိုင်းလည်း
ဥယျာဉ်မှူး ညံ့လို့ မဟုတ်ပါဘူး ..
( မငိုပါနဲ့ အမေရယ် )
အဖေ မရှိတဲ့ မိသားစုနဲ့
တနေ့တခြား ဆိုးလာတဲ့ အမေ့ကျန်းမာရေး ..
လ ကုန်တိုင်းမျက်နှာငယ်နေရတဲ့
ညီနဲ့ ညီမ ရဲ့ ကျောင်း / ကျူရှင် စာရိတ် . . .
( ဆယ်ကျော်သက်မို့ ရင်ခုန်တယ် ဆိုပေမယ့်
ငယ်သူငယ်ချင်းလေးရယ် ,
တက္ကသိုလ် ရဲ့ ကံကော်ပွင့်တွေကြား ငါမလျှောက်နိုင်တော့ဘူး
တခါတည်း လက်တွဲဖြုတ်ခဲ့ပါတော့ ... )
ပြောကြတယ် ,
အညွှန့် ကျိုးသွားပြီတဲ့ ( ဟုတ်ပါတယ် )
နောက် အလက်တွေ
ဝေဝေဆာဆာ ထွက်ဖို့ ကိုယ်တိုင် ပြန်ချိုးလိုက်တာပါ ...
ကျတော် ပျော်ပါတယ် ...
ဆိုက္ကားနင်းဖို့ , အင်္ဂလိပ်စကား တက်စရာ မလိုပါဘူး ...
စပါယ်ယာ လုပ်ဖို့ , ဘွဲ့လက်မှတ် မလိုပါဘူး ...
ဂျာနယ် ရောင်းဖို့ , သင်တန်းဆင်း ဖြစ်ဖို့ မလိုဘူး...
" ကျွန်တော့် အတွက် အလုပ်တွေ တပုံကြီးပါ "
တိုက်ကြီးကြီး မဝယ်ပေးနိုင်ပေမယ့်
အမေ့ နားကပ်လေး ပြန်ရွေးပေးနိုင်မှာပါ ...
အမေ့ ခြေနင်းစက် အိုလေးလည်း
အနားပေးချင်တယ် မေမေ ရယ် ...
အမေရယ် ...
ညီမလေးက ,
စာသိပ်တော်တာ
ကြီးလာရင် ကျောင်းဆရာမ ဖြစ်မယ် ထင်တယ် . . .
ညီလေးကလည်း ,
ပုံဆွဲ တအားတော်တာ ...
ဘွဲ့ရရင် အင်ဂျီနီယာ လုပ်မယ်ပြောတယ် ...
ဗျာ, , ,
( ကျွန်တော် လား )
ကျွန်တော့် ခြေမှာ
ဗွေပါတယ် အမေရယ့် ..
ဂျာနယ်ရောင်းတဲ့ နေရာမှာ တအားတော်တာ အမေမသိလို့ '
( ကျတော် ရယ်ရင်း ပြောပေမယ့်
အမေက တော့ မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်နေရယ့် )
မငိုပါနဲ့ . . . အမေ ရယ် ..
သား လေ ... မိသားစု အတွက်
" အနိုင်ဂိုးတွေ မသွင်းနိုင်ပေမယ့်
အရှုံး ဂိုးတွေ မပေးရအောင် ကာကွယ်ရင်း
လောကဓံ နဲ့ သရေ ရလဒ်တော့ ရချင်တယ် "
Ulay Kyi ( ကိုလင်း )
Category: ဘဝအတွက် စာပေများ, သုတ/ရသ/ဗဟုသုတ