နေ့စဉ်စာဖတ်ကြသူများ


☛ အလုပ်ခွင်မှာရှောင်ရှားရမည့်အမူအကျင့်များ

Myo Wai | 4:13 PM |



သင်ဟာ ထိုက်သင့်တဲ့ အရည်အချင်းတွေရှိနေတဲ့ အတွက် အလုပ်ရခဲ့ပြီးပါပြီ။ ဒါဆို သင့်တာဝန် က ကိုယ့်အလုပ်ကို ပြီးစီးအောင်လုပ်ဖို့နဲ့ ပြောင်းစရာ အလုပ်မရှိမချင်း လက်ရှိ အလုပ်မှာ မြဲနေစေဖို့ပါ။ အလုပ်ခွင် မှာ ဘယ်လောက်ပဲ လွတ်လပ်တယ် ပြောပြော အလုပ်ခွင်မှာ ပြုလုပ်မိလို့ ဘေးထွက် ဆိုးကျိုး သက်ရောက်မှုတွေ ဖြစ်ပေါ်လာစေမယ့် အမူအကျင့်တွေကိုတော့ ရှောင်ရှားသင့်ပါတယ်။ ဒါကြောင့် အလုပ်ခွင် မှာ ရှောင်ရှားရမယ့် အမူအကျင့်တွေကတော့

၁။ အတင်းပြောခြင်း
လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်စေ ၊ အလုပ်က လူတွေမသိတဲ့ ကိုယ့် အသိတစ်ယောက်ရဲ့ မကောင်းကြောင်း ဖြစ်စေ အလုပ်ခွင်မှာ အတင်းပြောဖို့ကတော့ မသင့်ပါဘူး။ပရော်ဖက်ရှင်နယ် ဆန်ချင်ရင်တော့ အလုပ်ထဲမှာ အတင်းပြောတတ်တဲ့ အမူအကျင့် ကို အရင်ဖျောက်ရပါလိမ့်မယ်။

၂။ ပဋိပက္ခတွေနဲ့ ငြင်းခုံခြင်း
နိုင်ငံရေး အကြောင်း ဖြစ်စေ ၊ စီးပွားရေး အကြောင်း ဖြစ်စေ ၊ ရုပ်ရှင်မင်းသမီးတစ်ယောက် ရဲ့ အချစ်ရေး အကြောင်းဖြစ်စေ စကားစမြည်ပြောမိတဲ့အခါမှာ ငြင်းခုံတာမျိုးမလုပ်ပါနဲ့။ သင်နဲ့ လူတိုင်းနဲ့ တော့ ခံယူချက် ချင်းမတူညီနိုင်ပါဘူး။တစ်ဖက်လူရဲ့ အတွေးကို အလုပ်ခွင်မှာ ရောက်နေတုန်းတော့ လေးစားသင့်ပါတယ်။

၃။ ရုပ်ပျက်ဆင်းပျက် ၀တ်စားလာခြင်း
အလုပ်ထဲမှာ အားလုံးက ပေါ့ပေါ့ပါးပါးပဲ ၀တ်ကြတာပါ။ ရုပ်ပျက်ဆင်းပျက် မ၀တ်နဲ့ဆိုတာဟာ ကုတ်နဲ့နက်ခ်တိုင်နဲ့ ဒါမှမဟုတ် ရိုးရာဝတ်စုံမျိုးတွေကို ၀တ်ဆင်ဖို့ ပြောတာမဟုတ်ပါဘူး။ အလုပ်ခွင်နဲ့ မဟပ်စပ်တဲ့ စတိတ် ရှိုးသွားတဲ့ ဖက်ရှင်မျိုးတွေကို မ၀တ်ဖို့ ဆိုလိုတာပါ။

၎။ တာဝန် နဲ့မဆိုင်တဲ့ အလုပ်တွေမှာ အချိန်ဖြုန်းခြင်း
အလုပ်တိုင်းမှာ ကိုယ် ယူထားရတဲ့ တာဝန်အသီးသီး ရှိနေပါတယ်။ တာဝန်ယူထားတဲ့ အလုပ်တွေ ပြီးစီးသွားတဲ့အချိန်မှာတော့ Facebook သုံးတာမျိုးပဲ ဖြစ်စေ ၊ မိမိဝါသနာ ပါရာ တစ်ခုခုလုပ်နေတာမျိုးပဲဖြစ်စေ ပြသနာ မရှိနိုင်ပါဘူး။ ကိုယ့်တာဝန် မပြီးဆုံးခင်မှာ တာဝန်နဲ့မဆိုင်တဲ့ အလုပ်တွေလုပ်နေတာကတော့ အလုပ်ကို မလေးစားရာရောက်ပါတယ်။

၅။ ညဉ်းညူခြင်း
သင့်အလုပ်တွေကို ဘယ်လောက်ပဲ စိတ်ပျက်စိတ်ပျက် ပါ ။ လိုအပ်တာရှိလို့တောင်းဆိုတာထက်ပိုပြီး တစ်ဗျစ်ဗျစ် တစ်တောက်တောက် ညဉ်းညူ နေတာမျိုးကိုတော့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ပျက်မှာ သေချာပါတယ်။

Credit : Thithtoolwin

Category: ,

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!