နေ့စဉ်စာဖတ်ကြသူများ


နေ့လည်တရေးတမောအိပ်ခြင်းအကျိုးကျေးဇူးများ

Myo Wai | 4:16 PM |



နေ့လည်တရေးတမော အိပ်ခြင်းရဲ့ အကျိုးကျေးဇူးများ
----------
ဒီလို မိုးအေးအေးလေးမှာ နေ့ခင်းနေ့လည် အလုပ်မှာရှိနေတဲ့အချိန်တောင် အိမ်က အိပ်ယာလေးကို လွမ်းမိကြမှာပါ။ မိုးကလည်းအေးတော့ ကွေးလို့ကောင်းလိုက်တဲ့ ဖြစ်ခြင်း။ နေ့လည်နေ့ခင်းအိပ်ခြင်းဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အချက်တွေ ရှိနေတာကြောင့် အခွင့်အရေးရရင် ရသလို နေ့လည်နေ့ခင်း အိပ်ချိန်လေး လုပ်ထားဖို့ လိုကိုလိုအပ်ပါတယ်။ တရေးတမော အိပ်ခြင်းကနေ ရတဲ့ အကျိုးကျေးဇူးတွေကတော့

၁။နေ့လည်နေ့ခင်း တရေးတမော အိပ်ခြင်းဟာ စိတ်ဖိစီးမှုလျှော့ချပေးနိုင်ပါတယ်။

အလုပ်တွေ သိပ်ရှုပ်လာရင် စိတ်ရှုပ်မခံပဲ ခွင့်ယူပြီး အိမ်ပြန်အိပ်တာ အကောင်းဆုံးပါပဲ။ စကားအဖြစ်ပြောတာပါ။ အိပ်ဖို့အတွက်တာ့ အလုပ်ကခွင့်ယူလို့ ဘယ်ကောင်းမလဲနော်၊ ဒါပေမယ့် နေ့လည်အိပ်စက်ခြင်းဟာ သင်ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး ကိုယ်ခံအားလည်း မြှင့်ပေးပါသေးတယ်။

၂။ နေ့လည်အိပ်ခြင်းအားဖြင့် စိတ်ကိုလည်း လန်းဆန်းနေလို့ကောင်းစေပါတယ်။

ညဘက်မအိပ်ရတဲ့အခါ နေ့လည်ပြန်အိပ်ရင် နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်စက်လိုက်ရသလိုပါပဲ။ ဒီလိုပြောခြင်းဟာ ညဘက်နောက်ကျပြီးတော့ အိပ်နိုင်တယ်လို့ ပြောတာတော့ မဟုတ်ပါဘူး။ ညဘက်ကိုလည်း အိပ်ရေး၀၀အိပ်မယ်၊ နေ့လည်ကိုလည်း တစ်နာရီ၊ နှစ်နာရီ အိပ်နိုင်မယ်ဆိုရင်တော့ အမျိုးသားရော၊ အမျိုးသမီးပါ စိတ်ရွှင်လန်းကာ နေ့လို့ကောင်းပါလိမ့်မယ်။

၃။နှလုံးရောဂါ ဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်ပါတယ်။

အိပ်ချိန်နည်းရင် သွေးပေါင်ချိန်တိုးတာတွေဘာတွေ ဖြစ်တတ်သလို အခြားအကျိုးဆက်တွေလည်း အများကြီး ကြုံနိုင်ပါတယ်။ ဒါပေမယ့် နေ့လည်တစ်ရေးတစ်မော အိပ်ခြင်းအားဖြင့်တော့ သွေးတိုးလည်း မဖြစ်စေသလို နှလုံးရောဂါဖြစ်ပွားမှုနှုန်းကိုပါ လျှော့ချပေးပါတယ်။

၎။နေ့လည်တရေးအိပ်ခြင်းဟာ အရိုးကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။

ဒါကလည်း မှတ်သားဖွယ်အချက်ပါ အိပ်ချိန်နည်းမယ်ဆိုရင် သင့်ဦးနှောက်ကို ထိခိုက်သလို အရိုးကိုပါ ထိခိုက်စေပါတယ်။ နေ့လည်းတရေးအိပ်ခြင်းအားဖြင့် သင့်ရဲ့အရိုးဟာ သန်မာပါတယ် ဘာလို့လို့ဆိုတော့ အိပ်နေချိန်အတွင်း အရိုးတွေက သူတို့ဘာသာသူတို့ ပြင်ဆင်ရမယ့်အပိုင်းတွေ ပြန်လည်လုပ်ဆောင်နိုင်တာကြောင့်ပါ။

၅။တရေးတမောအိပ်ခြင်းဟာ မှတ်ဥာဏ်တိုးစေပြီး လေ့လာရာမှာ အထောက်အကူ ပြုပါတယ်။

ဒီအချက်ကတော့ NASA က လေ့လာချက်တစ်ရပ်ပါ။ အဲ့ဒီလေ့လာချက်မှာ ပါဝင်သူ ၉၁ယောက်ကို ဓာတ်ခွဲခန်းမှာ စမ်းသပ်ခဲ့တာဖြစ်ပြီး သူတို့ကို နေ့လည်နေ့ခင်း အိပ်ချိန်အပါအ၀င် လေးနာရီကနေ ရှစ်နာရီ အိပ်ချိန်သတ်မှတ်ကာ အခြေအနေကို လေ့လာခဲ့တာပါ၊ သုသေတီတွေ တွေ့ရှိခဲ့ရတာက တရေးတမောအိပ်ခြင်းဟာ မှတ်ဥာဏ်အားကောင်းစေပြီး အဓိကအရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း မှတ်မိစေပါတယ်တဲ့

Trend Myanmar

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!