✌ ကြယ်ကြွေချိန်
ကြယ်ကြွေချိန်
========
မြင်နေခန ကြွေလို့ကျပြီ
နိစ္စမရှိ ဧကန်သိလည်း
ကြွေဘိကြယ်လေး ကြည့်ကာငေး၍
္ဒမျှော်တွေးသနား ရှိခြေငြားလည်း
တို့ကားဘာမျှ မတတ်နိုင်။ ။
ကြယ်ကြွေညကို မကြုံလိုလည်း
ရှောင်ဆိုမရ ဤလောက၏
ဓမ္မစင်စစ် ဧကန်ဖြစ်မို့
စိတ်ညစ်မနေ ဖြေကာလေ။ ။
ကြယ်ကြွေခန ကြုံတွေ့ရလျင်
တောင်းကဆုတွေ ပြည့်စုံပေဟု
ဆိုနေစကား ရှိပေငြားလည်း
သနားစိတ်ဖြာ ကြယ်ပေါ်မှာမို့
ဘာဆုကိုမျှ မတောင်းဗျ။ ။
Sai Mg Mg Oo
ကိုယ်တိုင်ခံစား ရေးဖွဲ့ထားပါသည်။
Category: ရင်ကိုထိသောကဗျာလေးများ