နေ့စဉ်စာဖတ်ကြသူများ


✌ အချစ်=Nothing

Myo Wai | 4:43 PM |



အချစ် = nothing
••••••••••••••••••••

'အချစ်ဆိုတာ ဘာလဲ' ဆိုတဲ့ မေးခွန်းတစ်ခု။

အချစ်ဆိုတာ ဘာလဲ ?
အချစ်ဆိုတာ ဘာမှမဟုတ်ပါဘူး။

ကိုင်တွယ်ထိတွေ့လို့မရတဲ့ စိတ္တဇနာမ် တစ်ခု •••
ဘယ်သူမှမဖြေနိုင်တဲ့ ခက်ခဲတဲ့မေးခွန်း တစ်ခု •••
သက်ရှိလူသားတွေရဲ့ အသုံးခံပစ္စည်း တစ်ခု •••
လှပတဲ့ နာမည်အခေါ်အဝေါ်တစ်ခု •••

အဆင်ပြေနေကြတဲ့အချိန် သာယာနေကြတဲ့အချိန် ပြီးပြည့်စုံနေကြတဲ့အချိန်တွေမှာတော့ အချစ်က သာသာယာယာပေါ့ •••

အဆင်မပြေတဲ့အချိန် မပြည့်စုံတဲ့အချိန် အခက်အခဲတွေကြုံလာချိန်မှာတော့ အချစ်ဆိုတာ နာကျည်းမုန်းတီး အထင်သေးမှုတွေနဲ့ မသာမယာအဖြစ် ပြောင်းလဲသွားပြန်ရော •••

ဒီလိုဖြစ်တာကတော့ ဘာမှမဟုတ်တဲ့ စကားလုံးနှစ်လုံးကို လူသားတွေက ခုတုံးလုပ်နေခြင်းကြောင့်ပါ။
ကိုယ့်ရဲ့အကောင်းအဆိုး လုပ်ရပ်တွေကို မဝန်ခံဘဲ အချစ်ကြောင့်ဆိုပြီး ခုတုံးလုပ်လိုက်ကြလေရဲ့ •••

တကယ်တော့ အချစ်က nothing ပါ။
အချစ်နောက်ကို လိုက်မိသွားတဲ့သူတွေကသာ something ဖြစ်သွားကြတာပါ။

သင်သည် လူသား
ခံစားပါ။ သို့သော် •••

စကားလုံးတွေထက် လုပ်ရပ်တွေကိုသာ ဦးစားပေးပါ။ ။

ဲအေးမို့

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!