နေ့စဉ်စာဖတ်ကြသူများ


အမေ (True Man)

Myo Wai | 7:53 PM |


အမေ.......။
အမေ့အိမ်ရှိတဲ့အရပ်ဟာ အလုံခြုံ အနွေးထွေးဆုံးပါပဲ။
တဲဘုတ်မှာပဲ နေနေ၊ မိုးမျှော်တိုက်မှာပဲ နေနေ၊ အနား
မှာပဲနေနေ၊ အဝေးမှာပဲ နေနေ၊ ရှိနေသည်ပဲ ဖြစ်စေ၊ မ
ရှိတော့ဘူးပဲ ဖြစ်စေ။ အမေဟာ တန်ဖိုးရှိနေတဲ့ ထာဝရ နာမ်စားလေးပါ။ အမေရှိခဲ့ဖူးတဲ့အရပ်ဟာ ကမ္ဘာလော
ကကြီးတစ်ခုလိုပါပဲ။ အမေက ပါးတွေ အရေတွန့်လာပြီ၊
မျက်လုံးလေးတွေ နက်နေရာကနေ ဖြူနေပြီ၊ အရင်လို
အမေပြုံးနေပေမယ့် သွားတွေကမတွေ့ရတော့ဘူး။ ဆံ
တွေကလည်း ငွေမျှင်လေးတွေဖြစ်ကုန်ပြီ။ သားသမီးတွေကို ထူပေးခဲ့တဲ့အမေ ခုတော့ တောင်ဝှေး
ကို ထူမနေရပြီ။ ခြေထောက်တွေလည်း အရင်လိုအား
တွေနဲ့ မလှမ်းနိုင်တော့ဘူး။ စကားတွေလည်း ဖောင်ဖွဲ့
မပြောနိုင်တော့ဘူး။ အမေ့ရဲ့နားတွေက လောကကြီး
ကို ဥပေက္ခာပြုတတ်နေပြီ။
အမေ အိုနေပြီလား...။
မဟုတ်ပါဘူး...။ အမေ မအိုပါဘူး.....။
ရင်ဘတ်ထဲက အမေ.....နှလုံးသားထဲက အမေ.....
အရမ်းကို နုပျိုနေတာပါ။ အမေ့ရဲ့ ပါး ပျော့တွဲတွဲလေး
တွေရယ်၊ အမေ့ရဲ့ အရောင်ပြောင်းသွားတဲ့ မျက်လုံး
လှလှလေးတွေရယ်၊ ငွေမျှင်ရောင် ဆံနွယ်လေးတွေ
ရယ်၊ သွားဖုံး နုနုလေးတွေရယ်၊ ခြေလက် နုနုလေးတွေ
ရယ်၊ ဖြေးညှင်းစွာ လှမ်းလျှောက်တတ်ပုံရယ်၊ ဂျယ်လီလို
အသံတုန်တုန်လေးတွေရယ်။ အရာအားလုံးဟာ လှနေ
ဆဲ၊ နုပျိုနေဆဲပါ။
ဒီလောကထဲမှာ အမေပေးခဲ့တဲ့ နှလုံးသားတစ်စုံဟာ အ
မေ့ တန်ဖိုးကိုတော့ သိကြမှာပါ။
အမေ.....
နွဲ့နှောင်းတဲ့ အမေ့ရဲ့လက်ကလေးတစ်စုံကို ဆုပ်ကိုင်
အားပေးခွင့်ပြုပါ.....
ထိုလက်တစ်စုံရဲ့အားနဲ့ ကမ္ဘာလောကကြီးကို လိမ့်သွား
အောင် တွန်းတိုက်ပစ်လို့ရပါတယ် အမေရယ်.....

True Man

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!