အဖြူရောင်အရိပ်လေး
အဖြူရောင် အရိပ်လေး
^^^^^•••••••^^^^^
တိမ်တွေ လွင့်မျောနေတဲ့ ကောင်းကင်ကြီးမှာ
အဖြူရောင် အရိပ်လေးတစ်ခု ရှိတယ် •••••
နီးလာလိုက် ဝေးသွားလိုက်
တိမ်တွေကြားမှာ ဟို ဒီ ပြေးလိုက်နဲ့ •••••
တခါ တခါ သူပြုံးပြတယ်
ငါနဲ့ နီးလာတယ်
သူ့အပြုံးနောက်က တန်ဖိုးတစ်ခုကို
ငါ တွေ့လိုက်ရတယ် •••••
တခါ တခါ သူငိုနေတယ်
ငါ့ဆီက ပြေးထွက်သွားတယ်
သူ့နောက်ကျောက ခံစားမှုတစ်ခုကို ငါတွေ့လိုက်ပြန်တယ် •••••
်
တိမ်ကင်းစင်တဲ့ တနေ့ +++•+++
့
သူ့ကို လိုက်ရှာမိတယ်
မတွေ့ •••
သူ ဘယ်ရင်ခွင်မှာ အိပ်စက်နေပါလိမ့် ???
??? ??? ??? ??? ???
ငါ့ရင်ခွင်ဆီက
နွေးထွေးမှုလေး ခံစားလိုက်ရတယ်
အော် ------
အရိပ်ကလေးက အိပ်မောကျနေလေရဲ့
်
အေးမို့
Category: ရင်ကိုထိသောကဗျာလေးများ