✌ မေမေ့မေတ္တာာ(ကမ္ဘာ့အမေများနေ့အားဂုဏ်ပြုသည်)
မေမေ့မေတ္တာ
=======
ကမ္ဘာမီးလောင် သားတောင်ချနင်းဆိုတဲ့
အညံ့ဖျင်းဆုံးစကား
ဘယ်သူများ ပြောသွားပါလိမ့်။ ။
ကလလ ရေကြည် သန္ဓေတည်စ ဦးအစကပင်
ဆင်ခြင်လိုက်ရတာလေ
သွား လာ နေ ထိုင် အကိုင်အပြု
အမှုကိစ္စ အဝဝတွေ
စားချင်တာလေတောင် မြိုသိပ်
အို မနိပ်လှတဲ့ မိခင်လောင်းဘဝ
ရှင်တို့ကို မုချ ရသွားစေချင်။ ။
ကိုးလလွယ်ကာ ဆယ်လဖွား
ဒုက္ခများကိုလည်း ခါးစည်းခံ
မွေးဖွားရပြန်နော် သေမင်းနှင့်သော်မှ ပြိုင်ရ
မိခင်တို့ဘဝ အို စာနာမိပါစ။
ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်
ဝါးဖတ်တော် ကစီနှစ်နဲ့
လူဖြစ်အောင်ကျွေးမွေးလာ
ကျေးဇူးဖြာဖြာ မိမာတာကို
လျင်စွာဦးခိုက် ကန်တော့လိုက်ပါရဲ့။ ။
Sai Mg Mg Oo
ကမ္ဘာ့မိခင်များနေ့ကို
ဂုဏ်ပြုသောအားဖြင့်
ကိုယ်တိုင်သီကုံး ရေးဖွဲ့လိုက်ပါသည်။
်
Category: ရင်ကိုထိသောကဗျာလေးများ