နေ့စဉ်စာဖတ်ကြသူများ
ပေးကမ်းမှု Emotions3
Myo Wai | 7:50 PM |
ပေးကမ်းမှု Emotions(3)
===============
မနက်​အိပ်​ယာမှထသည်​နှင့်​​ခေါင်းကိုက်​မှု​ဝေဒနာနှင့်​အတူနှ​မြောစိတ်​ကခန္ဓာကိုယ်​အားနှိပ်​စက်
ကလူမင်းမူလာခဲ့၏။ကိ​လေသာစိတ်​မကုန်​သ​ရွေ့အသက်​ရှင်​သန်​​နေရဦးမည့်​ကာလအဓွန့်​မှာယ
ခုလို​ပေးကမ်းမှု၏အကျိုးမဲ့အဖြစ်​မျိုးအကြိမ်​မည်​မျှကြုံ​တွေ့​နေဦးမည်​နည်း။
   ဘဝသံသရာ ရှည်​လျှား ​ထွေပြား မ​နေမနား တသွားတည်းသွားကြတာ၊
 ပျံ့လွင့်​လာသည့်​ဦးသုခ၏သီချင်းကသံ​ဝေဂယူချင်​စရာဖြစ်​သလိုအသိတရားကပ်​​ငြိ​အောင်​တွန်း
အား​ပေး​နေသ​ယောင်​။ဘယ်​အိမ်​ကဖွင့်​လိုက်​သည့်​သီချင်းပါလိမ့်​ဟု​တွေးရင်း​သီချင်းသံကိုအရသာ
ခံလျက်​​​ခေါင်းကိုက်​သက်​သာရန်​ခေတ္တ​မှေးလိုက်​မည်​ဟုစိတ်​ကူး​ပေါ်လာသည်​။တေးသီချင်းတီးလုံး
ကယခင်​နား​ထောင်​ခဲ့ဖူးသလိုမဟုတ်​၊တ​ဒေါင်​​ဒေါင်​တဒင်​ဒင်​တီးခတ်​​နေသည့်​မယ်​ဒလင်​လက်​သံ
မျှသာ။အိပ်​​နေရာမှလူးလဲထလိုက်​ပြီးအသံလာရာသို့စူးစမ်းလိုက်​၏။
   မနက်​​စော​စောမျက်​မှန်​နက်​တစ်​လက်​တပ်​ကာမယ်​ဒလင်​အိုတစ်​လက်​ကိုရင်​ခွင်​ပိုက်​ပြီးတီးခတ်
လာ​နေသူတစ်​​ယောက်​။အတန်​အသင့်​ဖောင်း​​နေသည့်ေ​​​ဘးလွယ်​အိတ်​အ​သေးတစ်​လုံးကိုစလွယ်
သိုင်းလွယ်​လျက်​၊​ဘယ်​၊ညာ၊ရပ်​၊သွားအဆင်​​ပြေ​စေရန်​အမျိုးသမီးကြီးတစ်​ဦးကယာလက်​ဖြင့်​ကိုင်
ထား​သောတုတ်​တို​လေးတစ်​​ချောင်းဖြင့်​တို့ထိညွန်​ပြ​ပေးနေသည်​။သူမတွင်​လည်းအတန်​ငယ်​ကြီးမား
ပုံရသည့်​​ဘေးလွယ်​အိတ်​အနွမ်းတစ်​လုံးကိုလွယ်​ပိုးထား၏။ရှစ်​လက်​မပတ်​လည်​ခန့်​ရှိသံဖြူ ပုံးတစ်
ခုကို​သော့ပိတ်​လျက်​ရင်​ခွင်​ပိုက်​ထား​သေးသည်​။ပေးကမ်းစွန်​ကြဲလာသည့်​​ငွေ​ကြေးများအား​သေသပ်
စွာ​ခေါက်​လျက်အ​ပေါ်​ပေါက်​ကျဉ်းကျဉ်း​လေးမှတဆင့်​​သေတ္တာသို့ထိုးထည့်​​နေသည်​။လမ်းသွားလမ်း
လာများအပြင်​တိုက်​အ​ပေါ်ထပ်​များမှ​ပစ်​ချ​ပေးကမ်းမှုများကိုလိုက်​​ကောက်​​နေပုံကလက်​မလည်​သည့်
ဟန်​​ပေါက်​​နေသည်​။အမျိုးသမီးကြီး၏ညွှန်​ပြမှုမရှိသဖြင့်​မျက်​မမြင်​အဆိုရှင်​က​ရောက်​သည့်​​နေရာမှာ
ခြေစုံရပ်​တန့်​ပြီး​တေးသီချင်းကိုဆက်​၍သီဆို​နေရသည်​။
တာ​လေးရ​တော့ရယ်​လိုက်​ကြ••••••​တွေ့တယ်​၊ကြုံတယ်​၊ဆုံတယ်​၊ကွဲတယ်​၊ဝမ်းနည်း၊ဝမ်းသာ••••••
   နှစ်​ဦးစလုံး၏အဝတ်​အစားများကနွမ်းပင်​နွမ်းငြား​သော်​လည်း​သန့်​ရှင်းစင်​ကြယ်​စွာရှိ​နေပြီး​ခေါက်
ရိုး​ကြောင်း​လေးများပင်​​ရေး​ရေးမျှ​ပေါ်​နေ​သေးသည်​။တခြား​တောင်းရမ်းသူများနှင့်​မတူ၊တမူကွဲ​နေ
သည့်​ဟန်​ကရင်​တွင်းသို့​ဝေဒနာတစ်​ခု​ကိုဆောင်​ကျဉ်းလာခဲ့​သည်​။
အတွင်းသို့​ဆောလျင်​စွာကျဆင်းသွား​​​လေ၏။အရွယ်​အို​သော်​လည်းပြုံးချို ဆဲတုံ့ပြန်​မှုတစ်​ခုကိုခံယူ
ရင်းအလုပ်​သို့သွားမှ​ဆေးလိပ်​ဘူးဝယ်​ရန်​​တွေးလိုက်​သည်​။
သက်နိုင်(ဂျိတ္တောာ)
Category:
About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!