✌ ရင်ရဲ့အလိုတော်အတိုင်း
ရင်ရဲ့ အလိုတော်အတိုင်း
==============
ထားခဲ့ပြီ...
ခြားသွားတဲ့ ရာသီတော်ဦးမှာ
ပန်းတို့ ဖူးပွင့်နေပုံများ
မကြုံစဖူး ခမ်းနားလို့...
ဆံနွယ်ဖားဖားထဲမှာ
ပုန်းနေတဲ့ ရနံ့က
အမှတ်ရစိတ်ကို တပ်လှန့်တယ်...
နှုတ်ခမ်းနုဖူး
ပွင့်လွှာဦးကို
ခူးနေချင်တဲ့စိတ်က
အရိပ်လို ကပ်ပါတယ်...
ရင်ရဲ့ အလိုတော်အတိုင်းဆို
ဒီဘဝနဲ့ ဒီအတိတ်
ဒီစိတ်နဲ့ ဒီကိုယ်
ရှင်သန်ဖို့ မလိုချင်တော့ပြီ..
Eagle Breeze
Category: ရင်ကိုထိသောကဗျာလေးများ