နေ့စဉ်စာဖတ်ကြသူများ


ကတုံး ကျောင်းသားလေး ခွန်အားရှိအောင် ကတုံးတုံးလိုက်တဲ့ ဆရာ

Myo Wai | 4:01 PM |


ကတုံး ကျောင်းသားလေး ခွန်အားရှိအောင် ကတုံးတုံးလိုက်တဲ့ ဆရာမ

အမေရိကန်ပြည်ထောင်စုက ဝါရှင်တန်ဒီစီက Miller Elementary School အမည်ရ မူလတန်းကျောင်းမှာ ဖြစ်ပါတယ်။ ၉ နှစ်အရွယ် Matthew လို့ အမည်ရတဲ့ ကလေးငယ်ဟာ အခန်းအပြင်ဘက်မှာ ငိုနေပါတယ်။ ဒါနဲ့ စာသင်ဖို့အချိန်တောင် အခန်းထဲ ရောက်မလာတဲ့ Matthew ကို ဆရာမက သွားခေါ်ပါတယ်။ ကလေးငယ်ဟာ အငိုမပျက်ပဲ အခန်းထဲ မဝင်နိုင်ပါဘူး။

ဒါနဲ့ ဘာဖြစ်သလဲလို့ မေးတော့ သူ ကတုံးတုံးလာတာကို ဝိုင်းပြီး လှောင်ပြောင် ရယ်မောကြလို့တဲ့။ ငယ်စဉ်ချိန်ခါ ကလေးတစ်ယောက်ရဲ့ စိတ်ဟာ အင်မတန်နူးညံ့ပြီး ထိခိုက်ရှနာလွယ်ပါတယ်။ အများရဲ့ ဝိုင်းဝန်းလှောင်ပြောင် အနိုင်ကျင့်တာကို ခံရပြီး တစ်ယောက်တည်း ကြေကွဲငိုနေခဲ့ရှာတာပေါ့။ ဆရာမ Tori Nelson အနေနဲ့ ပြန်ခေါ်လို့ရရတောင် စိတ်ဓာတ်ဒဏ်ရာရသွားမယ့် ကလေးရဲ့ အဖြစ်ကို မကြည့်နေနိုင်ရှာပါဘူး။ ချက်ချင်းက ဆံပင်ညှပ်စက်ကို အခြား ဝန်ထမ်းတစ်ဦးကနေ မှာလိုက်ပြီး သူ့အရှေ့မှာ ထိုင်လို့ ကလေးကို လက်နဲ့ ဆံပငကို ရိပ်စေပါတယ်။ ကလေးငယ်လေးကိုလည်း ရှင်းပြရှာပါတယ်။ "ဆံပင်ဆိုတာ ဘယ်အချိန်မဆို ပြန်ပေါက်နိုင်တဲ့အရာ" ဖြစ်ကြောင်း ရှင်းပြခြင်း ဖြစ်ပါတယ်။

အတန်းထဲက ကလေးငယ်အားလုံးအလယ်မှာ ဆရာမကို Matthew က ဆံပင်ရိပ်ပေးနေတာကို တအံ့တသြနဲ့ ကြည့်နေခဲ့ကြပါတယ်။ ကလေးငယ်များကို တစ်စုံတစ်ယောက်ရဲ့ ချို့ယွင်းမှုအတွက် အနိုင်မယူစေအောင် ပြောပြပေးခဲ့သလို အကယ်၍ အနိုင်ကျင့် လှောင်ပြောင်ခံရရင်တောင် ရဲရဲသာ ရင်ဆိုင်ဖို့အတွက် သင်ခန်းစာ နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ပေးခဲ့ ပါတယ်။

Credit>>YoyarLay

Category: ,

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!