နေ့စဉ်စာဖတ်ကြသူများ


ကိုးရီးယားမင်းသမီးYoon Eun Hyeပြောပြတဲ့သူမရဲ့အလှအပလျို့ဝှက်ချက်

Myo Wai | 6:32 PM |



ကိုရီးယား မင်းသမီးလေး Yoon Eun Hye ပြောပြတဲ့ သူမရဲ့ အလှအပလျှို့ဝှက်ချက်
___________
ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး မင်းသမီးတွေထဲမှာ Yoon Eun Hye ကလည်း တစ်ဦးအပါအ၀င်ပါ။ သူမဟာ ဖက်ရှင်ပိုင်းမှာ တော်တော်လေး အထာကျကျ ၀တ်ဆင်နိုင်သူဖြစ်တယ် ဆိုပြီး သတင်းမွှေးလှသလို လှပတဲ့ အသားအရေကြောင့်ရော၊ အပိုအလိုမရှိ ပြင်ဆင်ထားတဲ့ မိတ်ကပ်အပြင်အဆင်တွေကြောင့်ပါ နာမည်ကြီးသူတစ်ဦး ဖြစ်ပါတယ်။ ဒါ့ကြောင့် သူမရဲ့ အလှအပရေးရာအကြောင်း မေးမြန်းကြည့်လိုက်တဲ့အခါ

၁။အပြင်သွားတဲ့အခါ အမြဲတမ်းဆောင်သွားတတ်တဲ့ အလှကုန်ပစ္စည်းက ဘာတွေများ ဖြစ်ပါသလဲ။

ကျွန်မ အသားအရေက နည်းနည်းခြောက်တော့ အသားအရေအတွက် ကောင်းတဲ့၊ အဆီပြန်တဲ့ လိုးရှင်း အမြဲယူသွားတယ်၊ နောက် နှုတ်ခမ်းနီ အရောင်တောက်တောက်တစ်ချောင်းလည်း ဆောင်သွားတတ်တယ်၊

၂။မျက်နှာခြယ်သမှုအပိုင်းမှာ အဆင့်ဆင့်ခြယ်သတာမျိုးကြိုက်လား။ အလွယ်တကူ ခြယ်သရတာမျိုးကို ကြိုက်လား။

ကျွန်မက နည်းနည်းအပျင်းကြီးတော့ အလှကုန်ဆိုလည်း တစ်ခုပဲသုံးတယ်၊ အဓိကကတော့ မျက်နှာကို ခြောက်ခြောက်ကြီး မဖြစ်စေမယ့် ဟာမျိုးပေါ့။ လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါးခြယ်သရတာမျိုးပဲ ကြိုက်တယ်။ ဒါပေမယ့် ကိုယ်တက်ရမယ့်ပွဲက ကြီးတယ်ဆိုရင်တော့ အဆင့်ဆင့်ခြယ်သနည်းကို သုံးဖြစ်ပါတယ်။

၃။အလှအပနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်တာက။

ကျွန်မက များသောအားဖြင့် မိတ်ကပ်မလိမ်းဘူး၊ မျက်နှာကို ခရင်မ်။ ဒါမှမဟုတ် လိုးရှင်းတစ်ခုခုလိမ်းတယ်၊ ပြီးရင် နှုတ်ခမ်းနီဆိုးတယ်၊ ဒါဆို ကြည့်ကောင်းသွားရော၊ ကျွန်မထင်မိတာကတော့ မျက်နှာချေးချွတ်တာတို့ဘာတို့ လည်း လုပ်ပေးသင့်တယ်၊ ဒါက အရေးကြီးတယ်။ မျက်နှာကို cleansing လုပ်ပေးတာက skincare လုပ်တာတွေထဲက တစ်ခုပဲလေ။

၎။အသားအရေကို ဘယ်လိုဂရုစိုက်ပေးဖြစ်လဲ။ ပြီးတော့ မိတ်ကပ်နဲ့ဆံပင်ပိုင်းကိုရော ဘာတွေလုပ်ဖြစ်ပါသလဲ။

တကယ်လို့သင်က နှုတ်ခမ်းနီအရောင်တောက်တောက်လေးတွေ ဆိုးမယ်ဆိုရင် မိတ်ကပ်တွေ အများကြီးလိမ်းဖို့မလိုပါဘူး။ ဥပမာ သင့်မှာ မျက်ခုံးမွှေးလည်း အသင့်အတင့်ရှိမယ်ဆိုရင် မျက်ခုံးမွှေးကို အသားကုန်ထပ်ဆွဲနေတာ မျိုး မလုပ်ပါနဲ့၊ အိုင်းလိုင်နာလည်း ဒီအတိုင်းပဲ။ နှုတ်ခမ်းနီဆိုးထားလို့ ဒါကိုနည်းနည်းလိုက်ဖက်သွားအောင် ပြင်ချင်တယ်။ မျက်နှာက ဘာမှမရှိသလို ဗြောင်ကြီးဖြစ်မနေချင်ဘူးဆိုရင်တော့ ပါးနီလေး နည်းနည်းဆိုး ဒါမှမဟုတ် အိုင်းရှဲဒိုးခရင်မ် နည်းနည်းသုံးလိုက်ပါ၊

ဆံပင်အတွက်တော့ ကျွန်မအချိန်တော်တော်ပေးဖြစ်တယ်။ အိမ်မှာသေချာဂရုပြီး ပေါင်းတာမျိုးတွေ လုပ်တယ်။ ဇာတ်ဝင်ခန်းတွေအတွက် ကာလာတွေ ခဏခဏဆိုးရ၊ ကောက်ရ၊ ဖြောင့်ရဆိုတော့ ဆံပင်ပျက်မှာကြောက်လို့ L'Oreal Professionnel's Mythic Oil ကို ဆံပင်ဖျားလေးတွေလိမ်းပေးဖြစ်တယ်၊ ဆံပင်နှစ်ခွမဖြစ်အောင်ပေါ့။

၅။အလှအပရေးရာနဲ့ ပတ်သက်ပြီး နောင်တရခဲ့ရတာမျိုးတွေ ရှိဖူးလား။

အလှအပရေးရာနဲ့ ပတ်သက်ပြီး တော်တော်ဆိုးတဲ့ အတွေ့အကြုံတွေရှိပါတယ်၊ တစ်ခါတစ်လေ အသားအရေအခြေအနေနဲ့သုံးလိုက်တဲ့ ပစ္စည်းနဲ့ အဆင်မပြေတာမျိုးပေါ့၊ ဘယ်ဟာက ကိုယ့်အသားအရေနဲ့ အဆင်ပြေမလဲဆိုတာ သေချာမရွေးနိုင်တာမျိုးတွေ ရှိခဲ့တယ်။ ဒါ့ကြောင့် ကိုယ်ဟာ ဘယ်လိုအသားအရေမျိုးလဲဆိုတာ သိပြီး ကိုယ့်အသားအရေနဲ့လိုက်ဖက်သင့်တော်မယ့် အလှကုန်တွေ ရွေးချယ်နိုင်ဖို့ဟာ အရမ်းအရေးကြီးပါ တယ်


Fef-her world plus

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!