နေ့စဉ်စာဖတ်ကြသူများ


ကိုယ့်သားသမီးတွေကိုစိုးရိမ်ပူကန်တတ်တဲ့သူတွေမဖြစ်စေချင်ဘူးဆိုရင်

Myo Wai | 4:31 PM |



ကိုယ့်သားသမီးတွေကို စိုးရိမ်ပူပန်တတ်တဲ့သူတွေ မဖြစ်စေချင်ဘူးဆိုရင်
----------
သားသမီးတွေအနေနဲ့ မိဘတွေဆီက ရရှိနိုင်တဲ့ အရာများစွာရှိပါတယ်။ ကောင်းတာတွေကိုရော မကောင်းတာတွေကိုရော ဒွန်တွဲ ရရှိပါလိမ့်မယ်။ သူတို့ ရုပ်အသွင်အပြင်တွေ ဆက်ခံရရှိမယ်။ သူတို့အသံကိုတောင် ရရှိနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးက မျိုးရိုးဗီဇနဲ့ သက်ဆိုင်တဲ့အရာတွေပါ။

လေ့လာမှုတစ်ခုက သားသမီးရပြီးဖြစ်တဲ့ အမြွှာညီအစ်ကိုနဲ့ အပြင်လူ ၉၀၀ ကို လိုက်လေ့လာကြည့်ခဲ့ပါတယ်။ သားသမီးတွေဟာ အမြွှာမိဘတွေထက် မမြွှာမဟုတ်တဲ့ မိဘတွေနဲ့ အခြေခံ တူညီမှု ပိုရှိကြကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါ မျိုးရိုးဗီဇနဲ့ သိပ်တော့ မဆိုင်လှပါဘူး။

နောက်ပြီး ဖူးဖူးမှုတ်တတ်တဲ့ အကျင့်ရှိတယ်ဆိုရင် ဒါဟာ ကလေးတွေကို အန္တရာယ်ဖြစ်စေတော့တာပါပဲ၊ ကလေးတွေကို အကာအကွယ်ပေးတာ သို့မဟုတ် သူတို့ စိုးရိမ်မှုဖြစ်တဲ့အချိန် ဒီတိုင်းကြည့်မနေပဲ သည်းသည်းလှုပ် ဖြစ်ပြတတ်တဲ့ မိဘတွေဟာ ကလေးတွေကို စိုးရိမ်တတ်တဲ့ကလေးတွေဖြစ်စေပါတယ်။

အဲဒီအစား မိဘတွေ လုပ်သင့်တာက ကလေးတွေကို သူတို့ အသက်အရွယ်၊ ကြောက်တတ်မှု အနေအထားနဲ့ သင့်တော်မယ့် စိန်ခေါ်မှုတွေ၊ လုပ်ငန်း တာဝန်တွေလုပ်ဖို့ အခွင့်အလမ်းတွေ ချပေးသင့်ပါတယ်။ ဒါမှ ဒီအခြေအနေကို ဘယ်လိုနိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်း ကျော်လွှားနိုင်မလဲဆိုတာ သူတို့ သင်ယူလေ့လာခွင့်တွေ ရရှိမှာ ဖြစ်ပါတယ်။

Trend Myanmar

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!