နေ့စဉ်စာဖတ်ကြသူများ


✌လွမ်းလေညှင်း

Myo Wai | 4:59 PM |


လွမ်းလေညှင်း
========

ဒီလို နေ့လယ်ခင်းမှာတော့
လေညှင်းဆိုတာ
အလွမ်းကို ချည်မယ့်
ကြိုးတစ်ချောင်းမျှသာ ။

အုန်းလက်ကိုင်းဖျားတို့ ယိမ်းနွဲ့
အိမ်အပြန်လမ်းထက်က
ငှက်တစ်ကောင်ရဲ့ တောင်ပံတွေက အိတွဲ့
နှလုံးသားအတည့်ကို
ဘဝအရွဲ့နဲ့ဖုံး
အရှုံးတွေက မဆုံးနိုင်ဘူး။

ပြုံးလိုက်ရင်
ဒီမှာ နုံး နုံးသွားတာကိုက
ချစ်တာပဲ ထင်ရဲ့။

ဘာကြောင့်များ
ပုခုံးနဲ့ ပါး
နီးရဲ့သားနဲ့
ပျော်ခွင့်မသာနိုင်တာလဲ
ဒါကိုပဲ စိတ်နာပေါ့

Eagle Breeze

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!