ရေတိုစီမံကိန်း(True Man)
တစ်နေ့ တာကို အဓိပ္ပာယ်ရှိနေအောင် ရေတိုစီမံကိန်းလေးတွေ အမြဲတမ်းထားရတယ်။ ရေတိုစီမံကိန်းဆိုတာ နာရီလက်တံလှည့်လိုက်တိုင်းမှာ
ရှိနေတဲ့အတွက် အချိန်တွေဟာ အမြဲတမ်းအကျိုးရှိရှိကုန်ဆုံးပါတယ်။ အလုပ်တိုလေးတွေကို တစ်ခုပြီးတစ်ခု အချိန်သတ်မှတ်ပြီး လုပ်သွားရတဲ့
သဘောပေါ့။ ဒါဟာ ဘ၀ကိုကြံ့ခိုင်သန်မာစေတဲ့ စီမံကိန်းတစ်ခုပါပဲ။
မနက်ဖန်မှာ ဘာလုပ်ရမယ်ဆိုတာ သိဖို့  ဒီကနေ့ မှာ တစ်ခုခုတော့ လုပ်နေရတယ်။ ဒီကနေ့ မှားသွားတဲ့ အမှားတွေဟာ မနက်ဖန်မှာ အမှန်တစ်ခု
မရလာရင်တောင် သတိထားရမယ့် သင်ခန်းစာတစ်ခုတော့ရှိသွားပါတယ်။ ဒါကြောင့် ဒီနေ့ မှာ ကိုယ့်ကိုအကောင်းမြင်ပြီး အလုပ်ကလေးတွေကို လုပ်
ကြည့်ဖို့ လိုတယ်။ ကိုယ့်ကို အကောင်းမြင်ပြီး မြှင့်တင်လုပ်ဆောင်နေရမယ်။
ကိုယ်ရည်မှန်းထားတဲ့ ရေတိုစီမံကိန်းလေးတွေကို တစ်စနဲ့ တစ်စ ဆက်သွားမှ ဘ၀ရဲ့ရေရှည်စီမံကိန်းကြီးကို အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။
ဘာရေတိုစီမံကိန်းမှ မထားတဲ့လူတစ်ယောက်ဟာ ဘယ်အိမ်မက်ကိုမှ အသက်မသွင်းနိုင်ဘူး။ မျှော်လင့်ချက်တွေလည်း ဘယ်တော့မှမပြည့်နိုင်ဘူး။
ဒီအတွက်ကိုယ့်ရဲ့ နေ့ စဉ် ရေးဆွဲထားတဲ့ စီမံကိန်းအတိုလေးတွေရှိရမှာဖြစ်ပြီး ထိုအချိန်တွေမှာ မိမိကိုယ်ကို အကောင်းမြင်ပြီး လုပ်ဆောင်ကြဖို့ လိုတယ်။
True Man
Category: ဘဝအတွက် စာပေများ, ကြီးပွားရေးစာပေများ