နေ့စဉ်စာဖတ်ကြသူများ
⌛ ပေးကမ်းမှု Emotoins ၁
Myo Wai | 4:15 PM |
ပေးကမ်းမှု  -Emotions(၁)
================
-ကျွန်​​တော်​ထမင်းမစားရ​သေးလို့ပါ၊ထမင်းကျန်​​လေးများရှိရင်​​ပေးကြပါ-
 အသက်​​​သုံးဆယ်​ဝန်းကျင်၊ကျန်းမာသန်​စွမ်းပုံရ​သောလူရွယ်​တစ်​​ယောက်​၊ရပ်​ထားသည့်​ဆလွန်း
ကားတစ်​စီးကိုအကျအန​ကျောမှီကာတိုက်​ခန်းများ​ပေါ်သို့​မော့ကြည့်​ရင်းပါးစပ်​မှအဆက်​မပြတ်​​အော်
ဟစ်​​နေသည်​။ခပ်​နွမ်းနွမ်းအင်္ကျီလုံချည်​ကိုဝတ်​ကာဖိနပ်​ကိုဖင်​ခုထိုင်​​နေပုံကစိမ်​​ပြေန​ပြေနိုင်​လှ၏။
သူ၏ရှေ့နားရှိ​​ဖော့​ဗူးထဲတွင်​​ခေါက်​ဆွဲ​ကျော်​အနည်းအကျဉ်းခန့်​ကိုစတီးဇွန်းတစ်​​ချောင်းစိုက်​လျက်
တွေ့မြင်​ရသည်​။ဗူးနှင့်​ကပ်​လျက်​​တွင်​ရေသန့်​ပုလင်းတစ်​လုံးပါ​တွေ့ရပြီးလမ်းသွားလမ်းလာများကစွန့်
ကြဲခဲ့ဟန်​တူသည်​။
သို့ဝေ့ဝိုက်​ကြည့်​လိုက်​၊ပါးစပ်​မှ​အော်​ဟစ်​​တောင်းရမ်းသံပြုလိုက်​ဖြစ်​​နေပုံမှာအ​တော်​ခပ်​လှမ်းလှမ်းက
ပင်​ကြား​နေမြင်​​နေရသည်​။
ကိုထုတ်​လိုက်​ပြီးသူရှိရာလမ်းတစ်​ဖက်​သို့ကူးလိုက်​သည်​။မျက်​နှာချင်းဆိုင်​မှလာ​နေ​သောမိန်းမပျိုကို
ရှောင်​ကွင်းပြီးလက်​ထဲက​ငွေစက္ကူ ကိုကမ်း​ပေးလိုက်​၏။
လေးမ​လေး၏ဆင်​ယင်​ထုံးဖွဲမှုကပုရိသ​ယောက်ျားများ​ကြည့်​ချင်​စရာ။တောင်းရမ်းသူ၏အဖြစ်​ကို​တွေး
မိသဖြင့်​စိတ်​တွင်းမှပြုံးမိလိုက်​၏။အလှု​ငွေကိုလက်​ခံရန်​​မေ့​လျော့​နေ​သောသူ၏​ရှေ့တွင်​တစ်​ရာတန်
ကိုချခဲ့ပြီးလှည့်​ထွက်​လိုက်​သည်​။
   -ဟ လန်းလှချည်​လား၊အ​ဖေါ်လိုက်​ခဲ့ရမလားညီမ​လေး-
ထိုလူ​ကို​တွေ့လိုက်​သည်​။အ​တွေးဖြင့်​ပြုံးမိခြင်းကချက်​ခြင်းပင်​နှာ​ခေါင်းရှုံ့ရသည့်​အဖြစ်​သို့ကူး​ပြောင်း
သွား​လေ၏။
သက်နိုင်(ဂျိတ္တောာ)
Category:
About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!