နေ့စဉ်စာဖတ်ကြသူများ


⌛ ဗူးထဲကရေတစ်ဝက်

Myo Wai | 4:09 PM |


ဗူးထဲက ရေတစ်ဝက်
============
ရေဗူးထဲမှာ ရေတစ်ဝက်ရှိတယ်။
ဒါကို လူတစ်ယောက်က တွေ့တော့..
" ဟင် ရေကလည်း တစ်ဝက်ပဲကျန်တော့တယ်"တဲ့။
သူ့အမြင်ဟာ ရေတစ်ဝက်ပဲ ကျန်ခြင်းအပေါ်မှာ မကျေမနပ်ဖြစ်တဲ့အမြင်ပါ။ သူမမှီလိုက်တဲ့ ပိုင်ဆိုင်ခွင့်မရလိုက်တဲ့ ရေတစ်ဝက်အပေါ်မှာ နှမျောတွန့်တိုခြင်း၊ ကျန်ခဲ့တဲ့ရေတစ်ဝက်အပေါ်မှာ ရောင့်ရဲတင်းတိမ်ခြင်း မရှိတဲ့သဘောပါ။

ရေဗူးထဲမှာ ရေတစ်ဝက်ရှိတယ်။
ဒါကို ဒုတိယလူတစ်ယောက်က တွေ့တော့...
" အို ရေက တစ်ဝက်တောင် ကျန်ပါသေးလား " တဲ့။
သူ့အမြင်ဟာ ရေတစ်ဝက်ကျန်ခြင်းအပေါ်မှာ
ကျေနပ်နေတဲ့ အမြင်ပါ။
သူမမှီလိုက်တဲ့ ပိုင်ဆိုင်ခွင့်မရလိုက်တဲ့ ရေတစ်ဝက်အပေါ်မှာ သဘောထားကြီးခြင်း၊ ကျန်ခဲ့တဲ့ရေတစ်ဝက်ပေါ်မှာ နှစ်သိမ့်ကျေနပ်ခြင်း ရှိတဲ့သဘောပါ။

ပထမလူရဲ့ အမြင်က လောကကြီးဆီက ဘာတစ်ခုမှ ကောင်းတာမရနိုင်ဘူးဆိုတဲ့ အနုတ်အမြင်ပါ။ ဒုတိယလူရဲ့ အမြင်ကတော့ လောကကြီးဟာ ဘယ်အချိန်မှာဖြစ်ဖြစ် နေပျော်စရာကောင်းသား ဆိုတဲ့ အပေါင်းအမြင်ပါပဲ။

မိတ်ဆွေရော ကြုံလာတဲ့ကိစ္စတိုင်းကို
ဘယ်အမြင်နဲ့ အသက်ရှင်နေသလဲ။
လူ့ဘဝက တကယ့်ကို တိုတိုလေးပါ

Eagle Breeze

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!