နေ့စဉ်စာဖတ်ကြသူများ


✌☢သွားပါနဲ့ နော်. . လို့

Myo Wai | 1:24 AM |


သွားပါနဲ့နော်.....လို့
@***&***&***&***@


အမှောင်လမ်းကိုလေ
မလျှေက်လှမ်းချင်ပါနဲ့
ချောက်ကမ်းပါးကို မတော်တဆ
ပြုတ်ကျနေမှဖြင့် ဒုက္ခ
မုချတွေ့နိုင်တာကတော
ခလုတ် ကန်သင်း မင်း
စဉ်းစား ပါ ဘာမျှမလုပ်ခင်။ ။

မနာကျင်စေချင်တာကတော့
စေတနာအမှန်ပါကွယ်
မရေရာတဲ့ အမှောင်လမ်းကို
လျှောက်လှမ်းရင်းက မင်းသာလေ
မထော်မနမ်း ဖြစ်စမ်းကြည့်ပါ့
မရွှင်မလန်းနဲ့ ရင်ကွဲခန်းဇာတ်
မပြတ်ဝင်ပါ သရုပ်ဆောင်ရမှာ
ငါကလွဲလို့ ဘယ်သူဖြစ်မှာလဲ။ ။

အမှောင်လမ်းဆိုတာ
ရောင်ရမ်းမှန်းဆလို့လည်းမသွားသင့်
ဂယောင်ဂတမ်းနဲ့ စမ်းတဝါးဝါးနဲ့သွားဖို့လည်း
မသင့်လျော် ချင့်နော်တွေးဆ
ဘေးရောက်လေမှငို နေ
မဖြစ်သင့်ပါဘူးလေ။ ။

     Sai Mg Mg Oo

ကိုယ်တိုင်ခံစား ရေးဖွဲ့ထားပါသည်

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!