နေ့စဉ်စာဖတ်ကြသူများ


☛ အလျင်စလိုအလုပ်ကိုမလုပ်ပါနဲ့(True Man)

Myo Wai | 5:34 PM |



ဘယ်သောခါမှ ထိတ်ထိတ်ပြာပြာ၊ အလျင်စလို အလုပ်ကို မလုပ်ပါနဲ့ ၊ တည်တည်ငြိမ်ငြိမ်နဲ့  ဆုံးဖြတ်လုပ်ဆောင်တာဟာ အကြံကောင်းကို ရရှိ
စေပါတယ်။ အလျင်စလိုလုပ်တာဟာ တက်တက်ကြွကြွလုပ်တာနဲ့  မတူသလို၊ တည်ငြိမ်စွာ ဆုံးဖြတ်လုပ်ဆောင်ခြင်းဟာလည်း တွေဝေစွာ လုပ်
ကိုင်ဆောင်ရွက်တာနဲ့ မတူပါ။

"မည်သည့်အခြေအနေမျိုးတွင်မဆို တည်တည်ငြိမ်ငြိမ်ရှိသူသည် ပြာပြာလောင်လောင်ဖြစ်သူထက် တစ်ပန်းသာပေသည်" လို့  သောမတ်စ်ဂျက်
ဖာဆန်က ပြောခဲ့တယ်။ ဆုံးဖြတ်ချက်တစ်ခုချဖို့  အချိန် ၅ မိနှစ်ရမယ်ဆိုရင် ၄ မိနှစ်ကို သေချာသုံးသပ်စဉ်းစားလိုက်ပါ။ ကျန် ၁ မိနှစ်ကို မိမိရဲ့
ဆုံးဖြတ်ချက်ကို ပြတ်သားစွာချမှတ်ချိန်ထားလိုက်ပါ။ ၂ မိနှစ် စဉ်းစားပြီး ၃ မိနှစ်စာအချိန်ကို ဆုံးဖြတ်ချက်စကားမပြောပါနဲ့ ။ အမှားများတတ်
တယ်။ အလျင်စလိုနဲ့  ထိတ်ထိတ်ပြာပြာလုပ်တတ်တဲ့သူတွေဟာ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်လုပ်ဆောင်သူရဲ့အနောက်မှာ အမြဲတမ်းနေရတတ်
ပါတယ်။ ခေါင်းဆောင်သူတွေဟာ ဘယ်တော့မှ အလျင်စလို ပြာပြာသလဲ မလုပ်တတ်တာကို သတိပြုစေချင်ပါတယ်။

True Man

Category: ,

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!