နေ့စဉ်စာဖတ်ကြသူများ


☛ သင့်ကိုအရက်သမားဖြစ်သွားစေမယ့် အလုပ်များ

Myo Wai | 5:05 PM |



Substance Abuse and Mental Health Services Administration ရဲ့ ဒေတာတွေအရ အရက်သမား ဖြစ်သွားစေဖို့ အခွင့်အလမ်း အများဆုံး အလုပ်ကတော့ ကျောက်တူးလုပ်ငန်း နဲ့ ဆောက်လုပ်ရေး လုပ်ငန်း တို့ပဲ ဖြစ်ပါတယ်။ ကျောက်တူးသမားတွေဟာ အရက်သမား ဖြစ်သွားစေဖို့ ၁၇.၅ ရာခိုင်နှုန်းသေချာ နေပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင် အလုပ်သမားတွေကတော့ အရက်သမားဖြစ်သွားဖို့ ၁၆.၅ ရာခိုင်နှုန်းသေချာ နေပါတယ်။

နွေးထွေး ပျူငှာမှုကို လုပ်ဆောင်ရတဲ့ ဧည့်ကြိုအလုပ်သမားတွေကတော့  ၁၁.၈ ရာခိုင်နှုန်း အရက်သမား ဖြစ်သွားနိုင်ချေ ရှိနေပါတယ်။ အနုပညာ ၊ ဖျော်ဖြေရေး နဲ့ ဖန်တီးမှုတွေ လုပ်ဆောင်ရတဲ့ အနုသုခုမ သမားတွေ ကတော့ ၁၁.၅ ရာခိုင်နှုန်း သေချာနေပါတယ်။

ရေပိုက်ပြုပြင်ရေး ၊ လျှပ်စစ်မီး ပြုပြင်ရေးတို့ လို အသုံးဝင်တဲ့ အလုပ်ကို လုပ်ဆောင်သူတွေကတော့ ၁၀.၃ ရာခိုင်နှုန်း အထိ အရက်သမားဖြစ်နိုင်ချေ ရှိနေပါသေးတယ်။ လက္ကားရောင်းဝယ်ရေး ကုန်သည်တွေကတော့ ၁၀.၂ ရာခိုင်နှုန်းပါ။

စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်လုပ်တဲ့ မန်နေဂျာ လိုလူမျိုးတွေကတော့ ၉.၉ ရာခိုင်နှုန်း ၊ ကုန်ထုတ်စက်ရုံမှာ အလုပ် လုပ်ကိုင်သူတွေက ၉.၇ ရာခိုင်နှုန်း ၊ စိုက်ပျိုးရေး လုပ်ကိုင်သူတွေက ၉.၄ ရာခိုင်နှုန်း နဲ့ လက်လီ ရောင်းဝယ်ရေး ကုန်သည်တွေက ၉ ရာခိုင်နှုန်း စသဖြင့် အရက်သမားဖြစ်သွားစေနိုင်တဲ့ ရာခိုင်နှုန်းတွေကို သိခဲ့ရပါတယ်။

ဒီနေရာမှာ “အရက်သမား” ဆိုတဲ့ သတ်မှတ်ချက်ကို တစ်ခါသောက်ရင် ၅ ခွက် သို့မဟုတ် ၅ ခွက် ထက်ပိုသောက်တတ် သူတွေကို ရည်ညွှန်းချင်တာဖြစ်ပါတယ်။

Credit : Trend Myanmar

Category: ,

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!