နေ့စဉ်စာဖတ်ကြသူများ
⌛ ပေးကမ်းမှု Emotions၂
Myo Wai | 7:43 PM |
ပေးကမ်းမှု Emotoions ၂
===============
ထိုလူ၏လုပ်​ရပ်​ကအလုပ်​ခွင်​​ရောက်​သည်​အထိမျက်​စိထဲကမထွက်​လို။စိတ်​​နောက်​ကျု မှုဖြစ်​ရ
သည့်​အထဲကိုယ်​စားလှယ်​တစ်​ဦး၏ဟို​နေရာလိုက်​ပို့ပါ၊ဒီ​နေရာလိုက်​ပို့ပါဆိုသည့်​အ​ပျော်​ရှာလိုမှု
ကြောင့်​စိတ်​အ​နှောက်​အယှက်​ဖြစ်​ရ​သေးသည်​။နောက်​ဆုံးစည်​ဘီယာဆိုင်​သို့လိုက်​ပို့ပါမည်​​ဟုပြော
ပါမှ​ကျေနပ်​သွား​တော့၏။
  သို့ဖြင့်​ပုစွန်​ဒိုင်​ကအလုပ်​များအား​ခပ်​စော​စောလက်​စသပ်​လိုက်​ပြီးစင်​တင်​​တေးဂီတပါရှိသည့်​စည်
ဘီယာဆိုင်​တစ်​ခုသို့လှမ်းခဲ့​သည်​။မူးလာပါကတခြားသို့​ခြေမဆန့်​ပဲတည်းခိုရာသို့ဆိုက်​ဆိုက်​မြိုက်​မြိုက်
ပြန်​ရန်​သ​ဘောတူညီမှုယူရ​သေးသည်​။ရေခဲငါးပုစွန်​လုပ်​ကိုင်​သူများငွေသုံးစွဲမှုကြမ်း​ကြောင်းကိုယ်
တွေ့ဖြစ်​​နေသည်​ပဲ။
ရောက်​ရှိလာသည်​နှင့်​ဇာတိကပြလာကြသည်​။အဖျားတွန့်​​လေးများနှင့်​သရီးစတက်​ပုံဆံပင်​၊မိတ်
ကပ်​ထင်းထင်းလိမ်းခြယ်​ပြင်​ဆင်​မှု၊နီရဲရဲဆိုး​ဆေးနှင့်​နှုတ်​ခမ်းတစ်​စုံ၊ဖောင်းအိအိပခုံးသားနှစ်​ဖက်
မှသွယ်​တန်းဆင်း​နေ​သောဆင်​စွယ်​တစ်​စုံ၊ရုန်းထွက်​​တော့မည့်​ဟန်​ဖြစ်​​နေသည့်​ဖွံ့ထွားလွန်းသည့်
ရင်​နှစ်​မွှာ၊ပြားချပ်​ကျနစွာမြင်​​နေရသည့်​ဖြူ​​ဖွေးနုရွသည့်​ဝမ်း​ဗိုက်​သား​၊​လှုပ်​ရှားမှုပြုတိုင်းရင်​ကိုတဒိုင်း
ဒိုင်းလှိုက်​ခုန်​သွား​စေသည့်​ကားစွန့်​​ပြည့်​တင်း​နေ​သောတင်​သား၊​ပေါင်​လည်​ခန့်​ပင်​မ​ရောက်​တတ်
သည့်​တိုနံ့နံ့စကပ်​တစ်​ခု၊​ဖြောင့်​စင်းသည့်​​ပေါင်​တံတစ်​စုံက​ခြေအိတ်​ရှည်​လိုအကာအကွယ်​များကင်း
မဲ့စွာဖြင့်​ယမကာမှီဝဲသူများအားရမ္မက်​ထကြွ​အောင်​အစွမ်းကုန်​မြူ ဆွယ်​လျက်​၊မြင့်​လွန်းသည့်​ဒေါက်
ဖိနပ်​ကခန္ဓာ​ကောက်​​ကြောင်းကိုပို၍​ပေါ်လွင်​​အောင်​အားဖြည့်​ရင်း-တင်းတယ်​ တင်းတယ်​ တင်း
တယ်​ တင်းတယ်​​ဟေ့ -ဆိုသည့်​သီချင်းစာသားကိုလိုအပ်​သည်​ထက်​အကြိမ်​​ရေများများပိုဆို​​နေ
သည့်​​ဖျော်​​ဖြေ​ရေးသမီးပျို၊မျက်​ဝန်းနက်​တစ်​စုံကတစ်​ဆိုင်​လုံးသို့ဖြန့်​ကျက်​လျက်​၊ကြာမူပါပါအကြည့်
တချက်​ကယစ်​မူးစပြု​နေပြီဖြစ်​သည့်​ကျားသတ္တဝါများ၏ရင်​ကိုကလိထိုး​နေ​တော့၏။
   ဘသား​ချော​ ​တောကတက်​လာသည့်​ကိုယ်​စားလှယ်​မျက်​​တောင်​ပင်​မခတ်​​ရောထင့်​၊ကိုယ်​၌
ကောဘာထူးသနည်း၊မနက်​ကဖြစ်​တည်​ခဲ့သည့်​အကျိတ်​အခဲကိုစည်​ဘီယာနှင့်​​မျှောချ၊သီချင်းဆို​နေ
သည့်​ညှို့ချက်​ပြင်းပြင်းအဆိုရှင်​အ​ပေါ်အရည်​​ပျော်​ကျ၊သရဖူတစ်​ခုကသူမ၏​ခေါင်း​ပေါ်ခုံတက်​၊ယမ
ကာမူးခြင်းကတဏှာယစ်​မူးခြင်းနှင့်​​ထွေး​ရောယှက်​တင်​၊သိစိတ်​ကိုထိန်းချု ပ်​မရချင်​​တော့။မိမိက
စလိုက်​သည်​နှင့်​ကိုယ်​စားလှယ်​​တော်​ကြီးကစတိတ်​စင်​​ထောင့်​၌ရှိ​နေ​သောပန်းကုံးတင်​ရာသို့​ချောင်း
ပေါက်​လုခမန်းအဆင်းအတက်​လုပ်​​​တော့၏။တင်းတယ်​ ဆို​သည့်​မဒီကညာခမျာလည်းလည်​ပင်း
ကျိုးကျလုမတတ်​ပန်းကုံးများကိုထမ်းပိုးထားရရှာသည်​။ခေါင်း​ပေါ်သို့အထပ်​ထပ်​​ရောက်​လာ​နေသည့်
သရဖူများကြမ်းပြင်​​ပေါ်မကျ​စေရေးအတွက်​လက်​တစ်​ဖက်​ကိုအလုပ်​​ပေးထားရ​သေး၏။မဒီကညာ၏
လိုအပ်​သည်​ထက်​ကိုင်းညွတ်​စွာပန်းကုံးအစွပ်​ခံခြင်းကကိုယ်​စားလှယ်​၏မျက်​လုံးကိုတစ်​စထက်​တစ်
စပြူးကျယ်​ဝိုင်းစက်​လာ​စေသည်​။သကာရည်​​လောင်းထားသည့်​မျက်​နှာကအနှီ​တောသားအတွက်
သီးသန့်​ဖြစ်​တည်​သွား​လေ၏။တခြားအဆိုရှင်​များအားသီဆိုလှည့်​​ပေးပါရန်​ဆိုင်​ရှင်​က​တောင်းပန်
ရ​တော့သည်​တမုံ့။
  စည်​ဘီယာဆိုင်​ကထွက်​​တော့လိုရမယ်​ရထည့်​လာခဲ့သည့်​တစ်​​သောင်းကျပ်​တန်​သုံးအုပ်​ကဆိုင်​မန်
နေဂျာ၏အံဆွဲထဲသို့ခုန်​ကူးသွားခဲ့ပြီ၊​ပေးကမ်းစွန့်​ကြဲမှုရက်​​ရောခဲ့သည့်​​တဏှာကျွန်​နှစ်​​ယောက်​ကား
ခေါင်းပင်​မတ်​​အောင်​မထူနိုင်​ရှာ​တော့၊ရာဂစိတ်​​၏​နောက်​သို့ကောက်​​ကောက်​ပါ​အောင်​လိုက်​ရင်း
ကွယ်​​ပျောက်​ခဲ့သည့်​​ငွေ​ကြေးအ​ပေါ်နှ​မြောတွန့်​တိုမှုကအမူးလွန်​ရိပ်​ကိုထိုး​ဖောက်​ကာတစ်​ချက်​တစ်
ချက်​ဝင်​​ရောက်​တိုက်​ခိုက်​​နေ​​လေ၏။
သက်​နိုင်​(ဂျိ​တ္တော)
Category:
About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!