နေ့စဉ်စာဖတ်ကြသူများ


ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံး အလုပ်လုပ်စရာ နေရာ Facebook

Myo Wai | 8:29 PM |




ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံး အလုပ်လုပ်စရာ နေရာ Facebook

လူသတင်း လူချင်းဆောင် ဆိုသလိုပါပဲ။ Facebook မှာ အလုပ်သင်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ဝန်ထမ်း လူငယ် နှစ်ဦးဟာ ဓာတ်ပုံနဲ့ အတွေ့အကြုံများကို အင်တာနက်မှာ ပြန်လည် မျှဝေပြီးနောက် Facebook ကို ကမ္ဘာ့ ပျော်စရာအကောင်းဆုံး အလုပ်လုပ်စရာ နေရာ အဖြစ် သတ်မှတ်လိုက်ကြ ပါတယ်။

Trainee (အလုပ်သင်) အဖြစ် ကျောင်းပြီးစနဲ့ ကျောင်းတက်ဆဲ လူငယ်တွေကို Facebook ဟာ လစာအားဖြင့် တစ်လကို အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၆၀၀ ကနေ စပေးပါတယ်။ ဒါကြောင့်မို့ တစ်နှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၇ သောင်းနီးပါး ရှိနေပြီး အမေရိကန်မှာတောင် အလယ်အလတ်တန်း သွားကျတဲ့ ဝင်ငွေမျိုး ဖြစ်ပါတယ်။ ကြာသပတေးနေ့တိုင်းမှာ cocktail time ဆိုတာကို ထားရှိပြီး တစ်ရုံးလုံး သောက်ကြ၊ စားကြ၊ ပျော်ကြ ပါးကြပါတယ်။ အလုပ်သင်ဆိုတာ ဝန်ထမ်းတွေ မဟုတ်သေးပါဘူး။ ဒါတောင်မှ Mark Zuckerberg ဟာ ထရိန်နီ (အလုပ်သင်)တွေကို မြင်ရင် Hi. Good morning, အစရှိသဖြင့် တွေ့တိုင်းမှာ သူက စပြီးတော့ နှုတ်ဆက်လေ့ ရှိတယ်လို့ ဆိုပါတယ်။

ဝန်ထမ်းအားလုံးကို ဆက်ဆံတဲ့ နေရာမှာလည်း ရိုကျိုးစွာ ပြောဆိုတတ်မှုကြောင့် ဝန်ထမ်းများဟာ သူ့ကို လေးစား ချစ်ခင်ကြ ပါတယ်။ Melon Park က ရုံးမှာတင် မကပဲ ဗြိတိန် အိုင်ယာလန်၊ ဒူဘလင်မှာလည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ Facebook ရဲ့ ကမ္ဘာအနံ့က ရုံးတိုင်းကို ယင်းကဲ့သို့ ထားရှိပေးပြီး အလုပ်ဝန်ထမ်းနဲ့ အလုပ်သင်များက သတင်းကောင်းများကို ပြန်လည် ပြန့်နှံ့စေပါတယ်။ ဒါကြောင့်မို့ Google ကို ကျော်လွန်ပြီး ကမ္ဘာ့ပျော်စရာ အကောင်းဆုံး အလုပ်နေရာ အဖြစ် သတ်မှတ်ပေးလိုက်ကြခြင်း ဖြစ်ပါတယ်။

Credit>>YoyarLay

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!